ခင် - ၁၂
တစ်ခါတစ်ခါ
ဘဝကြီးကဘာတွေပေးလဲ
ဝေးခဲ့ခြင်းတွေလား
မှားခဲ့ခြင်းတွေလား
အိပ်ယာထဲပတ်ပြေးရင်း အိပ်မက်ထဲလန့်နိုးလာခဲ့တစ်ခါတစ်ခါ
မျက်ရည်စတွေသုတ်
ဘဝကိုမြက်တစ်ခင်းလိုနှုတ်ပစ်ချင်မိတာတစ်ခါတစ်ခါ
ကျွန်တော်ဟာရူးကြောင်ကြောင်နဲ့
ဖြစ်ပြီးပျက်တဲ့သဘောတရားထဲ
ခင် ပါမသွားရင်ကောင်းမယ်တွေးမိတစ်ခါတစ်ခါ
အဆင်မပြေတာတွေများရင်လဲ
ခင်ရေ.. လို့ခေါ်ရင်း ရေစုန်သာမျောချင်တော့တယ်တစ်ခါတစ်ခါ
ခင်ကျောခိုင်းရာအရပ်မှာ
တစ်ခါတစ်ခါ
ခင်မျက်နှာချင်းဆိုင်ရာအရပ်မှတစ်ခါတစ်ခါကျ
ကျွန်တော်လဲ ပျော်ချင်လာတယ်ခင်။Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Puisiလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း