ကြောက်စရာမကောင်းတဲ့ရုပ်ရှင်
***********************ဖြစ်ပြီးပျက်မယ့်လောကမှာ
ကံဟာအလုပ်ပဲစိတ်ချမ်းသာစရာနည်းနည်း
စိတ်ညစ်စရာခပ်များများ
တကျိုက်တည်းမော့သောက်လိုက်ရတာဟာ ဘဝဘာကိုမှအစိုးမရတဲ့လောကထဲ
ပိတ်ကားပေါ်ကဘဝတွေဘဝတွေ..
တချို့က ဗီလိန်
တချို့က ဇာတ်လိုက်
တချို့က ဇာတ်ရန်
တချို့က ဇာတ်ပို့
ကျော်ချလိုက်လို့မရတဲ့ဇာတ်ဝင်ခန်းထဲမှာ ငါတို့အားလုံး
အသားကျနေခဲ့ကြယုံကြည်ရာကိုအလံလွှင့်ရင်း
မင်းနဲ့ငါ ဘယ်အချိန်လက်နက်ချကြမလဲ
ပါးလျားလျားပူပေါင်းတွေမှာရွေးခြယ်စရာကနှစ်ခုတည်း
လေပေါ်ကိုဆန်တက်မလား
ဒီအတိုင်းပဲပေါက်ကွဲလိုက်ကြမလားဖြစ်ပြီးပျက်မယ့်လောကမှာ
ကံဟာ အလုပ်ပဲ။Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Puisiလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း