လွမ်း - ၅

14 1 0
                                    

လွမ်း
______

ငါမရှိတဲ့အခါ
အဆင်ပြေနေမှာလား။

အနားကပျောက်ကွယ်တဲ့
ရိပ်သဲ့သဲ့အသံကို
(ရင်ခုန်သံနဲ့အတူ)
ခပ်မှန်မှန်ကြားနေရဆဲ။

မတော်လို့ခလုတ်တိုက်မိတဲ့အခါ
ဘာဖြစ်သွားသေးလဲမေးမိတာငရဲပဲ
မင်းရှိနေသေးတယ်အထင်နဲ့။

ကျားကန်လို့လဲမရတော့ဘူး
(ဘဝက တဖြည်းဖြည်းပြိုကျနေတာ)။

ကျောင်းသွားဖော်လေး..
စွယ်တော်ပင်ကြီးနားမှာငါစောင့်နေတုန်းပဲ။

Eunoia

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now