Part 5

21.2K 2.2K 23
                                    


ရိပေါ်နိုးလာသည်နှင့် အကြည့်က ရှောင်းကျန့်ကုတင်ဆီရောက်သွားသည်။ ရှောင်းကျန့်ကအိပ်နေတုန်း! ဝိန်းနင်နှင့် စီရွှမ်းက်မနက်စာစားပြီးလို့ ကျောင်းတောင်သွားတော့မည်။

"ရှောင်းကျန့်ကို ခနနေရင်နိုးလိုက်နော်! ငါစီရွှမ်းကို စာကြည့်ဆောင်လိုက်ပို့မလို့!"

သူ့အပြောကိုတောင်မစောင့်ဘဲ နှစ်ယောက်သားထွက်သွားတော့ ရိပေါ်ကုတင်ပေါ်ကထလိုက်သည်။ ပြီးတဲ့နောက် ရှောင်းကျန့်ကုတင်ဆီသွားရင်း ငုံ့ကြည့်လိုက်သည်။ အိပ်နေတာများသိုးလို့! ဟောက်သံသေးသေးလေးနှင့် အသက်ရှူသံသေးသေးလေးကို အတိုင်းသားကြားနေရသည်။

မနေ့က ရှောင်းကျန့် မူးမူးရူးရူးနှင့် ခနခန ချော်လဲလိုက် ကုန်းထလိုက် ပြန်ချော်လဲသွားလိုက်နှင့်မို့ သူ့လက်တံတောင်ဆစ်တွေ ဒူးတွေမှာ ပွန်းပဲ့ဒဏ်ရာတွေချည်း!

ရိပေါ်တဘက်ယူပြီး အနာကိုခပ်ဖွဖွဆေးပေးရင်း ဆေးလိမ်းပေးလိုက်သည်။ ပြီးတဲ့နောက် သူကိုယ်တိုင်တောင် သတိမထားမိဘဲ အာငွေ့လေးနှင့် အုံပေးနေတုန်း ရုတ်တရက် သတိဝင်လာတော့ တဘက်ကို ရှောင်းကျန့်ကိုယ်ပေါ်ပစ်ချလိုက်သည်။

အဲ့ဒီကောင်ကဘာမို့လို့လဲ? သူကိုယ်တိုင် အနာရလာရင်တောင် ဒီအတိုင်းပစ်ထားတာ! သူကဘာမို့လို့ ငါကလုပ်ပေးနေရတာလဲ? သူတွေးလေ စိတ်တိုလာလေမို့ ခြေထောက်ဖြင့် ရှောင်းကျန့်ကို ကန်နိုးလိုက်သည်။

ရှောင်းကျန့်က သူကန်သည့်နေရာကို စောင်ဖြင့် ဖုံးလိုက်ရင်းတစ်ဖက်သို့ ပြန်လှည့်အိပ်သွားသည်။

"ရှောင်းကျန့်!!! ထတော့!!! ဟေ့ကောင်!!!"

ပါးစပ်ကအော်လည်းအော် စောင်ဖြင့်ဖုံးထားပေမဲ့ လုံးဝန်းနေသည့် ဖင်ကိုခြေထောက်ဖြင့် ကန်လိုက်သည်။ မနိုး! သူရုတ်တရက်ပြုံးလိုက်သည်။ ပြီးတဲ့နောက် ရေချိုးခန်းဘက်ထွက်သွားလိုက်သည်။ ပြန်လာတော့ ဇလုံထဲမှာ ရေအပြည့်နှင့်! သူအပင်ပန်းခံသယ်လာသည့်ရေဟာ အေးနေပေမဲ့ သူမကျေနပ်! ရေခဲသေတ္တာထဲက ရေခဲနှစ်ကဒ်လောက်ထပ်ထည့်လိုက်သည်။

ပြီးတဲ့နောက် ဟိုဘက်လှည့်အိပ်နေသည့်ရှောင်းကျန့်ကို ဆွဲလှည့်လိုက်ရင်း ခြုံထားသည့်စောင်ကိုပါ ဆွဲလှန်လိုက်သည်။
လက်က ရေဇလုံကို သေချာချိန်ရင်း မျက်နှာပေါ်တည့်တည့်လောင်းချပေးလိုက်သည်။

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeWhere stories live. Discover now