Part 27

15.4K 1.4K 60
                                    

Unicode

"မင်းငါ့မိန်းမဖြစ်သွားပြီနော်!!!"

"..."

"ရှောင်းကျန့်!!!"

"..."

"မနေ့က ငါတို့မိုးမြေတောင်ကန်တော့ပြီးသွားပြီလေ! ဒါတောင်မင်းကအသိအမှတ်မပြုချင်သေးဘူးလား?"

"..."

"ရှောင်းကျန့်!!!"

"..."

"မင်းကငါ့အပိုင်ဖြစ်သွားပြီ! တခြားသူနဲ့ပလောင်းပလဲ ပလူးပလဲလုပ်ဖို့မစဉ်းစားနဲ့!"

"..."

"ရှောင်းကျန့်!!!"

"..."

"ငါတို့ဝိန်းနင်တို့ကိုမုန့်တစ်ခုခုလိုက်ကျွေးရမယ်ထင်တယ်! ဧည့်ခံတဲ့အနေနဲ့!"

"..."

"ရှောင်းကျန့်?"

"ငါ့နာမည်ကိုအဲ့လောက်ခေါ်မနေနဲ့ဟ! ငါ့နာမည်ကိုမင်းမမုန်းသေးမှန်းသိပေမဲ့ ငါ့ဘာသာငါတောင်မုန်းလာပြီ!"

"မုန်းစရာလား ခေါ်လို့တောင်မဝသေးတာကို!"

"ခေါ်လို့ဝရင်မုန်းမှာလား?"

"ဒီတစ်သက်ခေါ်လို့တောင်ဝမှာမဟုတ်ဘူး! မင်းနာမည်ကိုငါအရမ်းချစ်တယ်! မင်းရဲ့ဖြစ်တည်မှုအားလုံးကိုငါချစ်တယ်!!!"

"..."

"ရှောင်းကျန့်!!!"

"ဘာလဲ??? ဘာလဲ??? တကယ်ပဲ!!! ကောင်းကောင်းကိုမအိပ်ရဘူး!!!"

"မနေ့ကမင်္ဂလာဆောင်တာကိုမင်းက အသိအမှတ်မပြုချင်ဘူးလား?"

"ငါမှမမှတ်မိတာ!"

"ကိစ္စမရှိဘူး ငါမှတ်မိတယ်! မိုးနတ်မင်းလည်းမှတ်မိတယ်! မြေစောင့်နတ်လည်းမှတ်မိတယ်! သက်သေတွေကများတယ်! ဒီတော့ မင်းမမှတ်မိလည်းသက်သေတွေကရှိတယ်! မင်းပြေးမလွတ်ဘူး!"

ဒါနဲ့များ~ပြောနေသေးတယ်!!!

ရိပေါ်က တိတ်ဆိတ်သွားသည့် ရှောင်းကျန့်ကိုကြည့်ရင်း ရယ်လိုက်ပြီး

"ထားလိုက်တော့ ဒီနေ့မင်းကိုစဖို့ငါအဲ့လောက်မအားဘူး! ဒါပေမဲ့ မင်းကငါ့မိန်းမဆိုတာတော့အတည်နော်!နောက်နေ့မှဝိန်းနင်တို့ကိုလိုက်ကျွေးတော့မယ်! ထတော့ ကျောင်းနောက်ကျတော့မယ်"

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeWhere stories live. Discover now