Part 8

20.2K 1.8K 32
                                    


Unicode

"ရှောင်း...ရှောင်းကျန့်!!!"

​ကျောင်းပျက်ထားတာတွေများတော့ စာတွေကပုံနေသဖြင့် အတန်းရောက်ကတည်းက ဘယ်သူ့ကိုမှဂရုမစိုက်ဖြစ်ဘဲ စာတွေကုန်းလုပ်နေသည်။ အသံကြားလို့မော့ကြည့်လိုက်တော့

"အော် ထင်ထင်!!!"

"မနေ့ကကိစ္စက...ဟို ကျောက်ချင်းယွမ် သူ..."

"အော် ဘာမှမဖြစ်ပါဘူး!!! ဒါက အရမ်းကြီး Serious ဖြစ်စရာမလိုပါဘူး !!!"

ရှောင်းကျန့်ပြုံးရင်းပြောတော့ အနောက်ကခုံကနေ လှမ်းကန်တာခံလိုက်ရသည်။ သူ့ခုံကို ရှေ့နည်းနည်းထပ်တိုးလိုက်ရင်း
စာလုပ်မလို့ ခေါင်းငုံ့လိုက်ပေမဲ့ သူ့ဘေးနားက အရိပ်ကလေးကထွက်မသွားတာမို့

"ပြောစရာရှိသေးလို့လား ထင်ထင်???"

"နင်ညနေအချိန်ရတယ်ဆိုရင် ငါနဲ့အပြင်ခဏလိုက်ခဲ့ပါလား???"

"ကိစ္စရှိလို့လား???"

"အင်း ငါဝယ်စရာလည်းရှိလို့!!! လီလီကလည်း သွားစရာရှိတယ်ဆိုလို့ နင်ငါနဲ့လိုက်ခဲ့ပေးပါလား???"
(လီလီဆိုတာ လျှိုထင်ထင်ရဲ့ သူငယ်ချင်းကောင်းပေါ့!)

အနောက်ကနေ ထိုင်ခုံကို စောင့်ကန်ခြင်းခံလိုက်ရပြန်သည်။ ဒီတစ်ခါအရှိန်နည်းနည်းများသည်မို့ သူရှေ့ငိုက်ကျသွားရင်း

"မင်းဘာတွေဖြစ်နေတာလဲ ဝမ်ရိပေါ်!!!"

"..."

မျက်နှာပုတ်သိုးသိုးနှင့် သူ့ကိုစိုက်ကြည့်နေသည့် ဝမ်ရိပေါ်!!! မင်းသွားရဲသွားကြည့် ဆိုသည့်အကြည့်မျိုးဖြင့်! ရှောင်းကျန့် ခေါင်းငြိမ့်လိုက်ရင်း လျှိုထင်ထင်ကို အတောက်ပဆုံးပြုံးပြလိုက်ကာ

"အင်း ဒါပေါ့! ငါအချိန်ရတယ်! မင်းလိုလှပတဲ့ မိန်းမချောလေးနဲ့ အပြင်သွားရမှာကို ငါဘာလို့ငြင်းရမှာလဲ???"

"တကယ်နော်!!! ဒါဆို ကျောင်းဆင်းပြီးရင် ငါ့ကို မိန်းကလေးအဆောင်မှာလာကြိုနော် လေးနာရီ အာ မဟုတ်ဘူး ငါးနာရီလောက်!!!"

"အင်း! လာခဲ့မယ်!!!"

လျှိုထင်ထင်အပျော်က လုံးဝသိသာထင်ရှားလွန်းတာမို့ အတန်းထဲကကောင်လေးတစ်ချို့က ဝိုးခနဲ့ ထအော်တော့ လျှိုထင်ထင်ရှက်သွားသည်။ မျက်နှာလေးရဲကာ ထွက်သွားတော့ ရှောင်းကျန့်ရယ်ရင်း ရိပေါ်ကိုလှည့်ကြည့်လိုက်သည်။ ပြီးတဲ့နောက် မျက်ခုံးလှုပ်ပြလိုက်ရင်း စာအုပ်တွေကို ကောက်သိမ်းလိုက်သည်။

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeTempat cerita menjadi hidup. Temukan sekarang