Unicode
ဝမ်သားအမိနှစ်ယောက် ရှောင်းမိသားစုပိုင်ခြံလေးရှေ့မှာ ဟိုဖက်ဒီဖက်လျှောက်ရင်း ခြေချင်းလိမ်နေကြသည်မှာ၂ရက်ရှိပြီ! အတူတူလာကြတာတော့မဟုတ်ပေမဲ့ လာရသည့်ရည်ရွယ်ချက်ချင်းတော့တူညီနေကြသည်။
"မား ဘဲလ်သွားတီးလေ!!!"
"ဟင့်အင်း ငါမတီးရဲဘူး! တော်ကြာ ယို့ယို့ကငါ့ဆံပင်ကိုလာဆောင့်ဆွဲရင် ဘယ်လိုလုပ်မလဲ? ငါဆံပင်စိုက်ထားတာမကြာသေးဘူး!"
"ဒါဆိုဒီကိုဘာလို့လာနေသေးလဲ?"
"အခြေအနေသိချင်လို့ပေါ့ဟဲ့! ရှောင်းကျန့်ဆီကကော ဘာမှမသိရဘူးလား?"
"ကျွန်တော်တောင်သူ့ကိုမတွေ့ရတာ ၂ရက်ရှိပြီ! လွမ်းလိုက်တာ!!!"
ရိပေါ်က ညည်းရင်းလမ်းမကြီးပေါ်ငုတ်တုတ်ထိုင်လိုက်တော့ ဝမ်ကတော်ကထအော်သည်။
"ရိပေါ် လိပ်ခေါင်းထွက်ချင်လို့အဲ့လိုထိုင်နေတာလား? ထိုင်မှာဖြင့်ကောင်းကောင်းထိုင်ချလိုက်! မဟုတ်ရင်လည်း မတ်တပ်ရပ်နေ!!!"
"အခုချိန်မှာအဲ့ဒါကအရေးကြီးလို့လား?"
"ကြီးတာပေါ့! နောက်ကျမှမင်းနောင်တရနေမယ်!"
ရိပေါ်ဖင်ထိုင်မချဘဲ ထရပ်လိုက်သည်။ သူများအိမ်ရှေ့မှာ ဖင်ချပြီး ထိုင်နေတာတော့မကောင်းဘူးမို့လား? နဂိုကမှမကြည်ရတဲ့အထဲ အိမ်ရှေ့မှာသူတောင်းစားလိုလာထိုင်နေရင် ကျိန်းသေပိုအမြင်ကတ်သွားမှာပေါ့!
ရှောင်းကျန့်ကိုမတွေ့ရတာ အဲ့ဒီညနေကတည်းက! ကျောင်းသွားတော့လည်းမတွေ့! အိမ်ပြန်တော့လည်း ရှောင်းကျန့်ပုံရိပ်တွေချည်းပဲမို့ လူကလွမ်းလွန်းလို့မသေရုံတစ်မယ်ဖြစ်နေပြီ! ဖုန်းဆက်ပေမဲ့လည်း စက်ပိတ်ထားတာနဲ့ချည်းတိုးနေတာမို့ အရိပ်ကလေးများတွေ့ရမလားဆိုပြီး ဒီအိမ်မှာလာချောင်းနေတာ နှစ်ရက်ရှိပြီ! သူ့မာမားကလည်း သူ့လိုပဲလာချောင်းနေဟန်တူသည်။"မား? ကလေးလည်းမဟုတ်ဘဲနဲ့ အဲ့လိုဝတ်စားထားရုံနဲ့ ရှောင်းမာမားကမမှတ်မိတော့ဘူးထင်နေလား?"
ဂျာကင်အရှည် နီညိုရောင်နှင့် မျက်မှန်အနက်ရောင်တပ်ထားသည့် ဝမ်ကတော်ကရိပေါ်ကိုလှည့်ကြည့်လာသည်။ ဒူးအထိရှည်သည့် ဘွတ်ဖိနပ်အနက်ရောင်ဒေါက်ကလေးနှင့်မို့ သူ့ပုံစံက ဟောင်ကောင်ဂျက်မလိုလိုဘာလိုလို!
DU LIEST GERADE
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romantik"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...