"..."
"ရိပေါ်???"
"..."
"ရိပေါ်?"
အိမ်မှာမရှိလို့များလား??? ဒီလောက်ညနက်နေပြီကို ဘယ်တွေသွားပြီးသဝေထိုးနေမှန်းမသိ!!! ဒါမှမဟုတ်အိပ်နေပြီလား? ရိပေါ်က သူပြန်မလာမချင်းအိပ်တတ်တဲ့ကောင်လေးမှမဟုတ်တာ!!!
ရှောင်းကျန့်မီးခလုတ်ဆီ မမြင်မစမ်းနဲ့လက်လှမ်းပြီးဖွင့်လိုက်တော့
"ဟက်ပီးဘက်ဒေး ရှောင်းကျန့်!!!"
"..."
"မင်းရဲ့ ၁၉နှစ်ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေ!!!"
"ငါကမင်းမေ့နေပြီထင်တာ!"
"ငါဘယ်လိုမေ့နိုင်မှာလဲ ငါလိုချင်တဲ့ timing မဟုတ်သေးလို့!!!"
"ဒါပေမဲ့ ငါလည်း..."
ရှောင်းကျန့်သူကိုယ်တိုင်လုပ်လာသည့်ကိတ်ကိုမြှောက်ပြလိုက်သည်။
"ဒါက မင်းမွေးနေ့အတွက် ငါသွားလုပ်လာတာ! ည ၁၂ နာရီကျော်ရင်မင်းမွေးနေ့ရောက်ပြီလေ!"
"ဒါကလည်း ငါမင်းအတွက်ကိုယ်တိုင်သွားလုပ်ထားတာ! အရမ်းခက်တာပဲ!!!!"
ရှောင်းကျန့်ရယ်လိုက်ပြီး ရိပေါ်မျက်နှာကိုချစ်စနိုးဖြင့် ပွတ်ပေးလိုက်သည်။ ဒီကောင်လေးက သူ့အတွက် ဟင်းတွေလည်းကြိုးစားချက်ခဲ့တယ်! သူနဲ့အတူတူ ကျောင်းဆက်တက်ဖို့အတွက် စာတွေလည်းကြိုးစားခဲ့တယ်! ပြီးတော့သူ့ကိုအများကြီးအလျှော့ပေးပြီးချစ်ပေးခဲ့တာပဲ!!! သူကဘာကိုထပ်ပြီးမက်မောနေရဦးမှာလဲ? ဘာတွေကိုထပ်တောင့်တနေရဦးမှာလဲ? သူရှိနေရင်လုံလောက်နေပြီပဲ!!!
"ရှောင်းကျန့် တကယ်တော့ငါစဉ်းစားမိတာတစ်ခုရှိသေးတယ်!!!"
"အင်း?"
"ငါမနက်ကမင်းကိုဆုမတောင်းပေးတာက ငါတို့မွေးနေ့ကို အခုည၁၂နာရီတိတိမှာ ကျင်းပချင်တာ! ဒီနေ့ည ၁၂ နာရီဆိုရင် မင်းမွေးနေ့ရဲ့နောက်ဆုံးညဖြစ်ပြီး ငါ့မွေးနေ့ရဲ့မနက်ခင်းအစလေ~ဒီတော့ငါတို့နှစ်ယောက်ဆက်စပ်နေကြတယ်! ငါတို့နှစ်ယောက်အတူတူရှိနေကြတယ်! ဒီလိုမျိုးဆိုမကောင်းဘူးလား?"
VOUS LISEZ
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Roman d'amour"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...