Unicode
ရှောင်းကျန့်နိုးလာသည့်အခါ နေပင်အတော်မြှင့်နေချေပြီ! ရိပေါ်ကိုလှည့်ကြည့်တော့ နှစ်ခြိုက်စွာအိပ်ပျော်နေတုန်းမို့ အသက်ရှူသံမျှင်မျှင်လေးက ပုံမှန်ထွက်ပေါ်နေသည်။ ဒါပေါ့ မနေ့ညက သူ့ကိုတစ်ညလုံးလိုက်နှောင့်ယှက်ထားတာ အရမ်းပင်ပန်းနေရှာမှာပေါ့!
တွေးမိလေ အမြင်ကတ်လာလေမို့ ရိပေါ်ဖင်ကို ဖြန်းခနဲမြည်အောင် ခပ်စပ်စပ်လေးရိုက်လိုက်ပေမဲ့ သကောင့်သားက မသဲမကွဲရေရွတ်ရင်း သူ့လက်က တစ်စုံတစ်ယောက်ကိုလိုက်ရှာနေသလို စမ်းနေသည်။ မတွေ့တော့ ခေါင်းထောင်ကာ မျက်လုံးမှေးမှေးဖြင့် သူ့ကိုကြည့်လာသည်။
ကုတင်ပေါ်ငုတ်တုတ်ထိုင်နေသည့် ရှောင်းကျန့်ကို တွေ့တော့မှ လက်ကောခေါင်းကော သူ့ပေါင်ပေါ်တင်ကာ လှမ်းဖက်ရင်း
"ဘာလို့အစောကြီးနိုးနေတာလဲ???"
"ဘယ်အချိန်ရှိပြီလဲဆိုတာမင်းကြည့်လိုက်ဦး! ကျောင်းတောင်နောက်ကျနေပြီ!!!"
"ဒီနေ့မသွားနဲ့တော့!!!"
ရှောင်းကျန့်က မျက်တောင်စိပ်စိပ်လေးတွေ ဝန်းရံထားသည့် မျက်နှာနုနုလေးကို ငုံ့ကြည့်ရင်း ဆံပင်တွေကို ချစ်စနိုးဖြင့် ဖွပေးလိုက်သည်။
"ငါတကယ်နေသားမကျဘူး! မင်းနဲ့ ဒီလို ငြိမ်းချမ်းရေးရနေတာကို!!!"
ရိပေါ်က ရယ်လိုက်ရင်း
"ငါလည်းနေသားမကျဘူး! ဒါပေမဲ့ မင်းနဲ့ဆိုရင် ဘယ်လိုနေရနေရ သဘောကျတယ်!"
ရှောင်းကျန့်ပြုံးမိသွားရင်း ရိပေါ်ပါးကိုဆွဲလိမ်လိုက်သည်။
"အား~နာတယ်!!!"
ပါးစပ်ကနာတယ်သာပြောတာ ရုပ်ကိုကြည့်တော့ ကျေနပ်နေသည့်ပုံဖြင့် နှုတ်ခမ်းစွန်းက ကော့တက်နေသည်။ ရှောင်းကျန့်က ရိပေါ်ကို သူ့ပေါင်ပေါ်ကဖယ်လိုက်စေရင်း
"ငါဗိုက်ဆာနေပြီ!!!"
"မင်းဘာစားချင်လဲ? ငါမှာပေးမယ်!!!"
"မမှာနဲ့ အေးအေးကြီးတွေမစားချင်ဘူး!"
"ငါသွားဝယ်ပေးမယ်!"
BINABASA MO ANG
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romance"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...