Unicode❤️❤️
( နည်းနည်းမှောင်မယ်နော်! 😆)
သူတို့ရောက်သွားတော့ ကျုံ့ခေါင်းဆောင်က မီးဖိုအကြီးကြီးဖိုထားသည်။
"ဒီနေ့ပင်ပန်းနေကြပြီဆိုတော့ ထမင်းစားပြီး စောစောနားကြ! "
သူ့ကျောင်းသားတွေကို ဆော်ဩလိုက်ပြီး ညစောင့်မယ့် ဆရာနှစ်ယောက်ကို သေချာမှာနေသည်။ ရိပေါ်က ရှောင်းကျန့်မမြင်ခင် ရှောင်းကျန့်ရဲ့ ခရီးဆောင်အိတ်ကို သူ့တဲလေးထဲပစ်သွင်းလိုက်ပြီး ခေါင်းခုအိပ်နေလိုက်သည်။
ခဏနေတော့ ရှောင်းကျန့်ကသူ့တဲဆီရောက်လာသည်။ ဝင်မလာသေးဘဲ အထဲကို ကြည့်လိုက်ရင်း
"ငါ့အိတ်ပေး!"
"..."
ရိပေါ်အိပ်ချင်ဟန်ဆောင်လိုက်ရင်း သူ့ကိုအရေးမလုပ်! ရှောင်းကျန့်သက်ပြင်းလေးချပြီး အထဲဝင်လာလိုက်သည်။
"ရိပေါ် ငါ့အိတ်ပေး! မင်းမအိပ်သေးတာငါသိတယ်!!!"
ရိပေါ်က မလှုပ်!
"ကျစ်!!!"
ရှောင်းကျန့်ငုတ်တုတ်ထိုင်နေသည်။ ပြီးတဲ့နောက် ရိပေါ်ခုအိပ်ထားသည့် သူ့ခရီးဆောင်အိတ်ကို လှမ်းဆွဲလိုက်သည်။ ရိပေါ်ကအတင်းပြန်ဆွဲထားရင်း လွှတ်မပေး!
"ဝမ်ရိပေါ်!!!"
စိတ်တိုတိုဖြင့်ပြန်ဆွဲထားတော့ ရှောင်းကျန့်ကထအော်သည်။ ရိပေါ်က
"မင်းပဲစိတ်ဆိုး မင်းပဲစိတ်ကောက်! ငါမင်းကိုဘယ်လောက်စိတ်ပူခဲ့ရလဲမသိဘူးလား?"
"ငါမင်းကိုအမှန်အတိုင်းပြောနေတာပဲ! ထင်ထင်နဲ့က ဘာမှမဟုတ်ဘူးလို့!"
"ဘာမှမဟုတ်ရင် ငါမင်းကိုနမ်းတာ မင်းဘာလို့စိတ်ဆိုးလဲ?"
"ကျစ် ဝမ်ရိပေါ်! အဲ့ဒါကတူလို့လား? မင်းငါ့ကို အရှက်ခွဲနေတာနဲ့ပိုတူတယ် အဲ့ဒါက..."
ရိပေါ် ဝုန်းခနဲ့ထလိုက်ရင်း ခရီးဆောင်အိတ်ကိုရှောင်းကျန့်ဆီပစ်ပေါက်လိုက်သည်။
"ငါမင်းကိုနမ်းတာကို မင်းကရှက်တယ်ပေါ့!"
ရှောင်းကျန့်သူ့စိတ်ကို အဆုံးစွန်ထိဆွဲဆန့်လိုက်ရင်း
KAMU SEDANG MEMBACA
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romansa"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...