Part 21

20K 1.4K 44
                                    


မနက်ရောက်တော့ နာကျင်စွာဖြင့် ရှောင်းကျန့်နိုးလာသည်။ မနေ့ကသာယာမှုနှင့် လားလားမျှမဆိုင်ဘဲ တစ်ကိုယ်လုံးကိုက်ခဲနေသည်။ ရိပေါ်ကိုလှည့်ကြည့်လိုက်တော့ အခုထိမလှုပ်မယှက်ဖြင့် ပက်လက်ကလေးလှန်အိပ်နေသည်။ ရိပေါ်အရင်တုန်းကအိပ်ရင် ဒီလိုအိန္ဒြေမရ! ခြေထောက်တွေကားကာ အိပ်လိုအိပ် မှောက်အိပ်လိုအိပ်ဖြင့် အလွန်အအိပ်ကြမ်းသည်။ ခုတော့သူ့လက်က ရှောင်းကျန့်ကိုဖက်ထားတာကလွှဲလို့ ခန္ဓာကိုယ်က ကျောက်ရုပ်လိုတောင့်နေသည်။

​အခုထိအဝတ်မကပ်သေးတဲ့ ရိပေါ်ခန္ဓာကိုယ်ကို စောင်လေးခြုံပေးလိုက်ရင်း ကုတင်ပေါ်ကဆင်းလိုက်တော့ သူ့အောက်ကပစ္စည်းလေးက စူးခနဲ့နာကျင်လာသည်။

"အား~~ကျွတ်ကျွတ်ကျွတ် နာလိုက်တာ!!!"

နံရံပေါ်လက်ထောက်လိုက်ကာ ရေချိူးခန်းဆီ တစ်လှမ်းချင်းလျှောက်နေရသည်။ ခါတိုင်း နီးလှပါတယ်ဆိုသည့် ရေချိုးခန်းက အခုမှအရမ်းဝေးနေသလို! ပင်ပန်းကြီးစွာဖြင့် တစ်လှမ်းချင်းလျှောက်လိုက်ရင်း ရေချိုးခန်းထဲဝင်လိုက်သည်။ ရှူးပေါက်ဖို့ သူ့ကောင်လေးကို သတိထား၍ညင်သာစွာကိုင်လိုက်ပြီး အပြင်ကိုထုတ်လိုက်သည်။

မနေ့က ရိပေါ်ရဲ့လျှိုပေါက်လေးက တအားကျပ်တာမို့ သတိမေ့မတတ်သာယာလွန်းပေမဲ့ အခုတော့အကျပ်လွန်ပြီး အတင်းမရမကတိုးဝင်သည့်သူ့ကောင်လေးက ယောင်ရမ်းနေသည်။ ရိပေါ်ကဘယ်လိုဖြစ်နေမလဲမသိပေမဲ့ သူလည်းနာတော့နာနေရှာမှာပဲ!

သေးပန်းတာတောင် နာနေတာမို့ သူလက်သီးဆုပ်ပြီးနံရံကိုထုလိုက်သည်။ သူ့အခြေအနေကိုရိပေါ်မြင်လို့မဖြစ်! မနေ့ကလန်းဆန်းတက်ကြွနေပြီး အခုကျတော့ မရှုနိုင်မကယ်နိုင်ဖြစ်နေသည့် သူ့ပုံစံကိုမြင်ရင် ရိပေါ်က အော်ရယ်နေတော့မှာ! သူ့ကိုလှောင်နေတော့မှာ!

ကုတင်ပေါ်ပြန်တက်ပြီး ရိပေါ်လိုမလှုပ်မယှက်လှဲလိုက်ချင်ပေမဲ့ ဒီနေ့နေ့လည် ကျောင်းရန်ပုံငွေအတွက် သီချင်းဆိုရမှာမို့ ကျောင်းကမသွားလို့မဖြစ်ပြန်! ရေပူကိုချိန်ရင်း ရေပန်းဖွင့်ချလိုက်တော့ ရှောင်းကျန့်တွန့်သွားသည်။ ရေပူပူလေးက သူ့ကောင်လေးကိုထိတော့ နာလိုက်တာမှ တစ်အားပဲ!!!

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeOpowieści tętniące życiem. Odkryj je teraz