Part 7

21.3K 1.8K 33
                                    


Unicode

"Everwin က စကိတ်ကွင်းကြီးလား? ငါထင်တာ လူရိုက်လို့ကောင်းတဲ့နေရာမှတ်နေတာ!"
(roller skates ပါ! ဒီလို )

"Everwin က စကိတ်ကွင်းကြီးလား? ငါထင်တာ လူရိုက်လို့ကောင်းတဲ့နေရာမှတ်နေတာ!"(roller skates ပါ! ဒီလို )

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

"အဲ့ဒီနေရာက သူ့အဖေပိုင်တာလေ! ဘာပဲဖြစ်ဖြစ်အဲ့ဒါက သူ့ရဲ့ပိုင်နက်ပဲ!"

ကုဝေတို့ကိုမခေါ်ချင်ပေမဲ့ နောက်တစ်ခါ ​ရှောင်းကျန့်ကိုအနိုင်ကျင့်မှာလည်းစိုးရတာကြောင့် တစ်ခါတည်း ကိစ္စဖြတ်ပစ်ဖို့ ရိပေါ်ဆုံးဖြတ်လိုက်သည်။ ကုဝေက ရောက်တာနှင့် ရှောင်းကျန့်နားကပ်နေသည်မှာ ကော်လို!

သူတို့ဝင်သွားတော့ ကျောက်ချင်းယွမ်တို့က စကိတ်စီးရင်း စောင့်နေကြဟန်တူသည်။

"အိုး ငါကမလာတော့ဘူးထင်နေတာ!!! ဒါနဲ့မင်းတို့က ၅ယောက်ပဲလား? ဖြစ်ပါ့မလား???"

ကျောက်ချင်းယွမ်တို့ဘက်က လူဆယ်ယောက်ထပ်မနည်းမို့ ရိပေါ်တို့ကို အထင်သေးဟန်ကြည့်ပြီး လှောင်ရယ်နေကြသည်။ ရိပေါ်က သူယူလာသည့်စကိတ်ကို ကျောက်ချင်းယွမ်ဆီပစ်ပေးလိုက်ပြီး

"စကိတ်ကွင်းရောက်နေမှတော့ စကိတ်စီးပြီးချရင်ဘယ်လိုလဲ??"

ရှောင်းကျန့်မျက်လုံးပြူးသွားပြီး

"ငါမှသိပ်မစီးတတ်တာ!!!"

ရိပေါ်ကိုတိုးတိုးလေးကပ်ပြောလိုက်သည်။ ရိပေါ်က သူ့ကိုပြန်ပြုံးပြပြီး

"မစီးတတ်ရင် အဲ့ထောင့်မှာ အေးဆေးထိုင်နေ!!!"

""ငါတို့ရှင်းလိုက်မယ် မင်းစိတ်ပူဖို့မလိုဘူး!!!"

"ငါ..."

ကုဝေကပါဝင်ပြောတော့ ရိပေါ်မျက်ခုံးကျုံ့သွားသည်။ နောက်ကျရင် ဘာကိစ္စရှိရှိ ကုဝေကိုထပ်မခေါ်ဖို့ပါ ဆုံးဖြတ်လိုက်သည်။

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeOnde histórias criam vida. Descubra agora