400K Viewer Special Extra 003

8.1K 933 72
                                    


"ရှောင်းကျန့်~ရှောင်းကျန့်!!!!"

"..."

"ရှောင်း..."

ရိပေါ်ခေါ်သံပင်မဆုံးလိုက် မှန်တင်ခုံပေါ်က တိုနာဘူးတွေ ဂျဲလ်ဘူးတွေက သူ့ဆီဝဲပျံလာတာကြောင့် စောင်ဖြင့်အသည်းအသန်ကာလိုက်ရင်း

"အာ့!!! နာတယ်ရှောင်းကျန့်!!!"

"စောစောစီးစီး လိမလို့အော်နေတာလား? မျက်လုံးလေးဘာလေးလဲဖွင့်ကြည့်ပါဦး!"

ရိပေါ်က ကုတင်ပေါ်လူးလိမ့်ရင်း မျက်လုံးလေးဖွင့်ကာ ရှောင်းကျန့်ကိုခေါင်းထောင်ကြည့်လိုက်သည်။ အော်~ သူအချစ်က မှန်တင်ခုံမှာထိုင်နေတာပဲ!!!

"မင်းမနက်စာလုပ်နေတယ်ထင်လို့ ဆော်ရီး!"

ရိပေါ်ကပြောရင်းမျက်လုံးကို ပွတ်လိုက်ကာ ဖွာထွက်နေသည့် ဆံပင်ကိုလက်ဖြင့် အပေါ်ပင့်သပ်လိုက်သည်။ ဆံပင်ကပျော့အိနေတာကြောင့် ကပိုကရိုပြန်ကျလာတော့ လက်ဖြင့်ပြန်သပ်လိုက်ပြန်ရင်း သူ့ကိုစိုက်ကြည့်နေသည့် ရှောင်းကျန့်ကို မျက်လုံးမှေးမှေးဖြင့် ပြုံးကြည့်လိုက်ကာ~

"ဘာမှမလုပ်ရသေးတာတောင် ငါချောနေတယ်ဟုတ်?"

ရှောင်းကျန့်မျက်နှာရဲသွားကာ~

"မင်းနဲ့ နောက်နေဖို့အချိန်မရှိဘူးရိပေါ်~"

"အိုး~မင်းကရှက်တတ်သးတယ်လား?"

ရိပေါ်ရယ်တော့ ရှောင်းကျန့်က လက်ခလယ်ထောင်ပြလိုက်ကာ

"ငါ့ကိုဘာလုပ်ဖို့ခေါ်တာလဲ???"

ရှောင်းကျန့်ကခါးထောက်ရင်းမေးတော့ ရိပေါ်အရယ်တစ်ဝက်ဖြင့်

"မင်းကိုသတိရလို့လေ! ဒီကိုလာခဲ့ပါလား???"

ရိပေါ်က ကုတင်ပေါ်ထိုင်နေရင်း လက်နှစ်ဖက်ဆန့်တန်းပြီး သူ့ရင်ခွင်ထဲလာဖို့ခေါ်တော့ ရှောင်းကျန့်ခေါင်းခါလိုက်ကာ

"ဒီနေ့မင်းကျောင်းသွားရမှာ သိတယ်မလား? Practical လည်းရှိသေးတယ်!"

"ဆရာကျိုးက အခန်းစောင့်မှာကိုယ်သတင်းရထားတယ်!ဒီတော့ဘာတွေစိတ်ပူနေဦးမှာလဲ ဟုတ်တယ်မလား? လာ~ဒီကိုလာခဲ့!!! ပါပါး ပေါင်ပေါ်လာထိုင်~"

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeWhere stories live. Discover now