"ကျန့်ကျန့် ! အဆောင်သွားနေရင် သတိထားရမယ်နော် လူတိုင်းကကိုယ့်လိုဟုတ်တာမဟုတ်ဘူး! အပေါင်းအသင်းဆိုတာက အရမ်းအရေးကြီးတယ်! ကျန့်ကျန့်က သွားနေချင်လွန်းလို့သာ လွှတ်လိုက်ရပေမဲ့ မားကစိတ်ချတာမဟုတ်ဘူး! အဲ့ဒီအဆောင်ဆိုတာက...""ကဲကဲတော်ပါတော့! မင်းဒီတစ်သက်မှာလို့ကော ပြီးဦးမှာလား? အဆောင်ဝင်တာနောက်ကျလို့ အခန်းကောင်းကောင်းမရရင် မင်းကပြောဦးမယ်! လာရှောင်းကျန့် သွားမယ်! မင်းမားက ပြီးတော့မှာမဟုတ်ဘူး သူပြောတာနားထောင်နေရင်!"
ရှောင်းကျန့် မျက်မှန်ကိုပင့်တင်လိုက်ပြီး သူ့မာမားကို ရယ်ပြလိုက်သည်။
"စိတ်ပူမနေနဲ့မား! ကျွန်တော်အရွယ်ရောက်နေပြီ!"
"အရွယ်ရောက်လို့စိတ်ပူနေရတာပေါ့! မတော်..."
"လာကျန့်ကျန့်သွားမယ်!"
သူ့ပါပါးက ပခုံးဆွဲဖက်ကာ ထွက်လာသည်မို့ မာမားကပွစိပွစိရွတ်ရင်း ကျန်ခဲ့သည်။
"သူ့တရားတွေသာ ထိုင်နားထောင်နေရရင် မင်းဒီတစ်သက်ကျောင်းသွားလို့ရတော့မှာ မဟုတ်ဘူး!"
"အာ ပါးကလည်း!!!"
"ကဲကဲ သွားတော့! ကျောင်းပိတ်ရင်အိမ်ပြန်လာဦးနော်! ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်!"
"ဟုတ်ကဲ့! ပါးရေသွားပြီ!!!"
လက်လှမ်းပြပြီးကျန်ခဲ့သည့်ပါးကို လှည့်ကြည့်ရင်း သူပြုံးကာ မျက်မှန်ချွတ်လိုက်သည်။ အခုသူကဲလို့ရပြီလေ! နူးညံ့ပျော့ပျောင်းစွာကျနေတဲ့ သူရဲ့ဘုတ်သိုက်ဆံပင်လေးကို spray ဘူးနဲ့ နည်းနည်းပါးပါးပြင်လိုက်ရင်း အပေါ်က ထပ်ဝတ်ထားသည့် အနွေးထည်အထူကြီးကိုလည်းချွတ်လိုက်သည်။
အနောက်ကြည့်မှန်ကနေ သူ့ကိုကြည့်နေသည့် ကားဆရာဦးလေးက သဘောကျစွာ
"မင်းဘယ်လိုနေနေ ချောပြီးသားပါကွာ!!"
သူရယ်ပြလိုက်ရင်း အဆောင်သွားနေရင် လုပ်မဲ့ကိစ္စတွေမှတ်ထားတဲ့ မှတ်စုလေးကိုထုတ်လိုက်ကြည့်လိုက်သည်။
KAMU SEDANG MEMBACA
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romansa"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...