Unicode
ဝမ်ကတော်က သူ့တန်ဖိုးကြီးကားပေါ်ကဆင်းလိုက်ပြီး ဝန်ထမ်းတွေကို လက်ဆောင်ပစ္စည်းသယ်လာဖို့ ခေါင်းညိတ်ပြလိုက်သည်။ ဒီခြံဝင်းလေးက သူတို့ပိုင်သည့်ခြံမြေနှင့်ယှဉ်လျှင် သုံးပုံတစ်ပုံခန့်သာရှိသည်။ သို့ပေမဲ့ သပ်သပ်ရပ်ရပ်လေးနှင့် နွေးထွေးသည့်အရိပ်အာဝါသရသည့်ပုံလေးမို့ ဝမ်ကတော်သဘောကျသွားသည်။
တံတောင်ဆစ်နားထိ ရှည်သည့်လက်အိတ်အဖြူလေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်လိုက်ပြီး တံခါးရှေ့မှာကျော့ကျော့မော့မော့လေးရပ်လိုက်သည်။
"ဟလို ကျွန်မက ဝမ်ရိပေါ်ရဲ့မာမားပါ ကျန့်ကျန့်ရဲ့ယောက္ခမ!"
"..."
"ဟလို ယောက္ခမ ကျွန်မက...အာ မဟုတ်သေးပါဘူး!!!"
"မင်္ဂလာပါ ကျွန်မက ကျန့်ကျန့်ရဲ့ချစ်သူ ရိပေါ်ရဲ့မာမား...အာ!!!"
ဝမ်ကတော်ရဲ့မန်နေဂျာက မနေနိုင်တော့ဟန်ဖြင့်
"မမကြီး ဒီအတိုင်းပဲနှုတ်ဆက်လိုက်ပါလား?"
"ဘယ်လိုလဲ?"
"မင်္ဂလာပါ ကျွန်မကဝမ်ရိပေါ်ရဲ့မာမားပါ! တွေ့ရတာဝမ်းသာပါတယ်ဆိုပြီး ပြုံးပြလိုက်ပါလား?"
"မင်္ဂလာပါ ကျွန်မက ရိပေါ်ရဲ့မာမားပါ! တွေ့ရတာဝမ်းသာပါတယ်!"
"မမကြီး?"
"အင်း?"
"သွားတွေပေါ်အောင်ပြုံးစရာမလိုပါဘူး! နှုတ်ခမ်းလေးအပေါ်နည်းနည်းကွေးတက်ရုံဆိုရပါပြီ!"
"ဒီလိုလား?"
"မမကြီးစိတ်လှုပ်ရှားနေတာလား? ခါတိုင်းမမကြီးသူငယ်ချင်းတွေကိုတွေ့လို့ ပြုံးသလိုလေးပဲပြုံးရမှာလေ! အခုပြုံးတာကကျပ်မပြည့်သလိုဖြစ်နေတယ်!!!"
မန်နေဂျာကပြောပြီးသွားမှ သူ့ပါးစပ်ကိုသူ့လက်ဖြင့်အလျင်အမြန်ပိတ်လိုက်သည်။ ဝမ်ကတော်က မန်နေဂျာကို မျက်စောင်းထိုးလိုက်ရင်း
"အခုကတူမလား? ရိပေါ်လေးကို ယောက်ျားလိုက်တောင်းပေးရမှာ! ပထမဆုံးတွေ့ဆုံခြင်းကအရမ်းအရေးကြီးတယ်!"
YOU ARE READING
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romance"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...