Unicode
Contact Name ကိုကြည့်ပြီး ရိပေါ်ဖုန်းချလိုက်သည်။ ကိုင်စရာမှမလိုတာ! ရှောင်းကျန့်ကိုကြည့်တော့ ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုနေတုန်း!
သူ့နောက်ကွယ်မှာ သူတို့နှစ်ယောက်အခုထိအဆက်အသွယ်ရှိနေကြတုန်းလား? ရှောင်းကျန့်ပြောတော့ ပြတ်ပြီဆို! ဘာလို့ဖုန်းနံပါတ်ကိုမဖျက်ပစ်ရတာလဲ? အားလိင့်အပေါ်မှာ ခံစားချက်ကျန်နေသေးတာလား?
စိတ်ထဲမှာ မရေရာသော ရှုပ်ထွေးမှုတွေကြောင့် ရိပေါ်တဖြည်းဖြည်းစိတ်တိုလာသည်။ ဖုန်းနောက်တစ်ခေါက်ထပ်မြည်လာတော့ ရိပေါ်ကြည့်လိုက်သည်။ မာမား ❤️ တဲ့! နေပါဦး ရှောင်းကျန့်မာမားလား?
ဒီတစ်ခါရိပေါ်စဉ်းစားမနေတော့ဘဲ လျှာကိုသပ် တံတွေးမျိုချပြီး ချက်ချင်းပဲဖုန်းကိုင်လိုက်သည်။
"ဟုတ်ကဲ့ မ...မား!"
"ကျန့်ကျန့်လား? အသံပြောင်းနေသလိုပဲ! နေမကောင်းဘူးလား?"
"မဟုတ်ဘူး! ကျွန်တော်က ရှောင်းကျန့်...အင်း~~ သူ့သူငယ်ချင်း!!!"
"အော်~~ကျန့်ကျန့်သူငယ်ချင်းလား? အန်တီက ကျန့်ကျန့်ရဲ့မာမားပါ! သားနာမည်က?"
"ရိပေါ်! ဝမ်ရိပေါ်!!!"
"အော်~ ရိပေါ်! ကျန့်ကျန့်နဲ့တစ်ခန်းထဲကပဲလား?"
"ဟုတ်ကဲ့!"
"အင်းအင်း ကြိုးစားနော်! ကျန့်ကျန့်နဲ့ဖုန်းပြောချင်တာ သူအတန်းတက်နေလို့လား?"
"ဟုတ်ကဲ့~သူအခုမအားသေးလို့!"
"အော် အဲ့ဒါဆိုသူ့ကိုပြောပေးလို့ရမလား? မနက်ဖြန်ကျောင်းပိတ်တယ်မလား? အဲ့ဒါအန်တီတို့လာခဲ့မလို့ အော်~ အားလိင့်လည်းပါတယ်လို့နော်!"
"..."
"ဟလို??"
"ဟုတ်ကဲ့! ပြောလိုက်ပါ့မယ်!"
"အင်းအင်း ကျေးဇူးနော်ရိပေါ်!!!"
"ဟုတ်ကဲ့!"
ရှောင်းကျန့်မာမားဖုန်းချသွားတော့ ရိပေါ်ငိုင်နေမိသည်။ သူ့မာမားလာတယ်ဆိုရင်တောင် အားလိင့်ကဘာလို့လဲ? သူ့မာမားနဲ့လည်းသိတယ်လား? အင်းပေါ့လေ အထက်တန်းကတည်းက တွဲလာမှာတော့ ရင်းနှီးရင်ရင်းနှီးခဲ့မှာပေါ့!
YOU ARE READING
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romance"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...