Part 33

13.6K 1.1K 125
                                    


"မုန့်ယောင်???"

"အော်~ Ge!!!"

""မုန့်ယောင်က ဒီကိုဘာလာလုပ်တာလဲ?"

"အမ်း~ကျွန်တော်...ကန်တင်းလာတာ ထမင်းစားဖို့ပဲပေါ့!!!"

"အော်~ဟုတ်သားပဲ! ထမင်းစားရမှာပေါ့!!!"

"Ge တစ်ယောက်တည်းပဲလား?"

"တစ်ယောက်တည်းတော့ မဟုတ်ပါဘူး! ခုနကဘေးမှာကောင်မလေးတွေရှိတယ်! ကိုယ်စိတ်ရှုပ်လို့ထလာတော့ သူတို့လည်းအတန်းထဲပြန်ကုန်ကြပြီလေ!"

မုန့်ယောင်ကရယ်ချင်နေတာကို မျက်နှာပိုးသတ်လိုက်ရင်း

"အော်~"

"မုန့်ယောင်?"

"ဟင်?"

"အခုတလော ကိုယ်တို့ခဏခဏတွေ့နေရတယ်နော်!"

မုန့်ယောင်အကြံအိုက်သွားရင်း နဖူးကြောကိုအကြောင်းကြားမဲ့ကုတ်လိုက်သည်။

"ဒါက..."

"ကြည့်ရတာ ကိုယ်တို့ဖူးစာပါတယ်ထင်တယ်!"

"..."

"ကိုယ်တို့ဖူးစာပါတယ်ထင်တယ်! မင်းစဉ်းစားကြည့်လေ တစ်ခါက စာကြည့်တိုက်မှာ! တစ်ခါက ကော်ဖီဆိုင်မှာ အခုကင်တန်းမှာ!"

ပထမတစ်ခါကစာကြည့်တိုက်မှာက မုန့်ယောင်တမင်စီစဉ်ထားတာဆိုပေမဲ့ ကော်ဖီဆိုင်မှာက သူ့ဘာသာကော်ဖီထိုင်သောက်နေတာဖြစ်ပြီး အခုကကျောင်းမှာထမင်းစားချိန်မို့လို့ သူ့ဘာသာထမင်းလာစားတာဖြစ်သည်။ ရှီးချန်ပြောသလိုသာ တိုက်ဆိုင်တာဆိုရင် အရင်တုန်းကကျောင်းမှာလည်း ရှီးချန်ကိုခဏခဏတွေ့တာပဲ! သူကသာသတိမထားမိတာ! ကိုယ်ကသူ့အလွဲတွေကို အမြဲတမ်းမြင်ပြီးထိုင်ဟားနေကြ!

"အင်း~ဟုတ်ရင်ဟုတ်မှာပေါ့!"

ရှီးချန် မုန့်ယောင်ကိုရုတ်တရက်နံရံဆီတွန်းထည့်လိုက်ပြီး မုန့်ယောင်ထွက်မရအောင် လက်တစ်ဖက်ဖြင့်ပိတ်ထားလိုက်သည်။ ကျန်တစ်ဖက်က မုန့်ယောင်မေးစေ့လေးကို ကိုင်လိုက်ပြီး အကြည့်ချင်းဆုံစေကာ

"မင်း...ကိုယ့်ကိုအဲ့လိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေတာမလား??? ကိုယ့်ကိုအဲ့လိုစကားမျိုးပြောစေချင်တာမလား?"

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeDove le storie prendono vita. Scoprilo ora