Unicode
"ရှောင်းကျန့်!!!"
"..."
"ရှောင်းကျန့်! ငါ့ကိုကြည့်!!!"
"..."
"ရှောင်းကျန့်!!!"
ထိုင်ခုံပေါ်မှာစာထိုင်လုပ်နေသည့်ရှောင်းကျန့်ကို ရိပေါ်စိတ်မရှည်စွာအော်ထည့်လိုက်သည်။ ဘယ်နှယ့် ကျောင်းကပြန်ရောက်ကတည်းက စာထိုင်လုပ်နေတာ အခုမိုးတောင်ချုပ်နေပြီ!!! သူ့ကိုတစ်ချက်လေးတောင် လှည့်ပြီးအရေးမလုပ်!
ကျောင်းကဆရာတွေကလည်း အလိုက်မသိချက်ကကမ်းကုန်! တက္ကသိုလ်တောင်ရောက်နေပြီ! အခုထိအိမ်စာပေးလို့ကိုမပြီးနိုင်ဘူး! ဒီနှစ်ယောက်တည်းရှိချိန်မှ ကောင်းကောင်း Ro ရပါတယ်ဆိုတာကို နားမလည်ကြဘူးလားမသိ!!!
ရိပေါ်ဘေးကနေအမျိုးမျိုးလိုက်နှောင့်ယှက်နေပေမဲ့ ရှောင်းကျန့်ကသူ့မျက်မှန်ဝိုင်းကြီးတပ်ပြီး စာကိုသာအာရုံစိုက်နေသည်မို့ ရိပေါ်စိတ်တိုတိုဖြင့် စာအုပ်တွေကိုဆောင့်ဆွဲပြီးလွှင့်ပစ်လိုက်သည်။
"ရိပေါ်!!!"
"ငါမင်းကိုအဲ့လောက်ခေါ်နေတာဘာလို့မကြားချင်ယောင်ဆောင်နေတာလဲ?"
"ကျစ်!!! ငါစာရေးနေတယ်လေ!"
"နောက်မှရေး!!!"
"ရိပေါ်"
ရှောင်းကျန့်အသံက စိတ်တိုသည့်အသံမဟုတ်တာကြောင့် ရိပေါ်တစ်ဆင့်ထပ်တက်လိုက်သည်။
"အခုငါမင်းကိုနမ်းချင်တယ်!!!"
ရှောင်းကျန့်ခါးကိုသူ့ဘက်ဆွဲယူလိုက်ပြီး သူ့မျက်နှာကိုအတင်းကပ်လိုက်တော့ ရှောင်းကျန့်ကလက်ဖြင့်တွန်းကာထားသည်။ Shirt အဖြူလေးနဲ့ သန့်ပြန့်နေသည့် ရှောင်းကျန့်ကို သူအသည်းယားနေတာကြာပြီ! တကယ်ပဲ ယောကျ်ားတစ်ယောက်က အဲ့လောက်ထိ ချောမောပြီးချစ်စရာကောင်းဖို့လိုနေလို့လား???
"မနက်ဖြန်နောက်ဆုံးနေ့ ဒီ assignment ကထပ်ရမှာ! ငါရေးပြီးရင် မင်းလည်းငါ့ဆီကကူးရဦးမှာ! ဘာလို့လိုက်နှောင့်ယှက်နေတာလဲ? မင်းဘွဲ့မလိုချင်တော့ဘူးလား?"
"အခုမှ ပထမနှစ်ကို ငါတို့နှစ်တွေအကြာကြီးထပ်တက်ရဦးမှာ! ဒါကြောင့်တစ်နှစ်ပိုတက်လိုက်လည်းကိစ္စမရှိဘူး!"
CZYTASZ
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romans"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...