Part 12

19.4K 1.7K 59
                                    


Unicode

"မေးခွန်းစာရွက်ကို ကိုယ့်အနောက်ကလူကို ကမ်းပေးလိုက်!!!"

ဆရာဝမ်က ရှေ့ဆုံးတန်းကို မေးခွန်းစာရွက်ထုတ်ပေးကာ  ဩဝါဒ ချွေနေသည်။

"မင်းပြောတော့ နေရာပြောင်းထိုင်ရမှာဆို!!!"

ရိပေါ်က ရှောင်းကျန့်ထိုင်ခုံကို လှမ်းလှမ်းကန်ရတာ အကျင့်ပါနေပြီ! အခုဆို ရှောင်းကျန့်ခုံက သူခဏခဏကန်လို့ နှဲ့တောင်နှဲ့ချင်နေပြီ!

ရှောင်းကျန့်က သူပြောတာကို အရေးမစိုက်ဘဲ ဆရာဝမ်ကိုသာ ထိုင်ကြည့်နေသည်။

"ဟုတ်ပြီ! စာမေးပွဲက ၉ နာရီစမယ်! ၁၀ နာရီမှာ ဖြေပြီးတဲ့သူက ထသွားလို့ရတယ်! စာမေးပွဲပြီးတဲ့အချိန်ကတော့ ၁၁ နာရီ! ခိုးချလို့တစ်ခါမိရင် အမှတ် ၂၀ လျော့မယ်! ၂ ခါမိရင် စာရွက်သိမ်းမယ်!"

"..."

"ဖုန်းတွေကို ဒီ box ထည့်ထား စာမေးပွဲဖြေနေတဲ့အချိန်မှာ ဖုန်းကိုင်လို့မရဘူး!"

အတန်းခေါင်းဆောင်အားယွမ်က box လေးကိုင်ပြီး ဖုန်းတွေကို လိုက်သိမ်းနေသည်။ ရှောင်းကျန့်က အားယွမ်သူ့ရှေ့ရောက်လာတော့ ဖုန်းထည့်ပေးလိုက်ရင်း ရုတ်တရက်မျက်စိတစ်ဖက်မှိတ်ပြီး ပြုံးပြလိုက်သည်။ အရှက်ကြီးတဲ့ အားယွမ်က သူ့ကိုကြောင်အစွာ ရပ်ကြည့်နေပြီးမှ ပါးလေးတွေရဲတက်လာပြီး ရိပေါ်ရှေ့ရောက်အောင် မြန်မြန်လျှောက်သွားသည်။

ထိုအချင်းအရာကို ရိပေါ်ကမြင်ဖြစ်အောင်ကိုမြင်သည်။ ရုတ်တရက်ဒေါသထွက်လာပြီး ရှောင်းကျန့်ခေါင်းကို အနောက်ကနေပိတ်ရိုက်လိုက်သည်။

"ကလေးကို မြူစွယ်နေစရာလား?"

"သူက ကလေးလား?"

"ဟေ့ကောင်တွေ!!! စာမေးပွဲဖြေနေတုန်းလေးတော့ ငြိမ်ငြိမ်နေပေးလို့မရဘူးလား?"

ရှောင်းကျန့်က သူ့ခေါင်းကို သူပွတ်လိုက်ရင်း ရိပေါ်ကို ကြိတ်ဆဲသည်။ ရိပေါ်ကလည်း သူ့ကိုလက်သီးထောင်ပြသည်။

"ကဲ စဖြေလို့ရပြီ!"

ဆရာဝမ်က လက်လေးနောက်ပစ်ကာ အခန်းထဲပတ်လျှောက်နေသည်။ ရှောင်းကျန့်က အေးဆေးဖြေနေပေမဲ့ ရိပေါ်က အိန္ဒြေမရ! မနေ့က သူခိုးချဖို့လုပ်ထားတာတွေကို သူလက်ဖျံ လက်မောင်းတွေကနေ ခွာထုတ်နေသည်။

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeWhere stories live. Discover now