Part 19

18K 1.5K 50
                                    

Unicode

"သူက ကျွန်တော့ကောင်လေး!!!"

ငါဘယ်လိုဖြစ်ပြီး အဲ့စကားပြောထွက်သွားတာလဲ? လူတွေအများကြီးရှေ့မှာမှ!!! ကျစ် ငါတကယ်ရူးချင်တာပဲ!"

သူ့မျက်နှာကို ဖွက်ထားလိုက်ရင်း ထွက်ပြေးရန်ပြင်တော့

"ဟေး ရှောင်းကျန့်!: ဒါကဘယ်လဲ? မင်းကျပြောချင်တာပြောပြီးတော့ ငါပြောတာကျနားမထောင်ချင်ဘူးလား?"

မိုက်စ်ကြီးနှင့် အော်ထည့်လိုက်သည့်ရိပေါ်ကြောင့် ရှောင်းကျန့်ခြေလှမ်းတုံ့သွားသည်။ လူတွေအများကြီးရှိနေတာကို ဒီ​ကောင်က အရှက်မရှိ ဘာတွေပြောဦးမှာလဲ?

"ငါမင်းကို ကပြမယ်လေ! မင်းမကြည့်ချင်ဘူးလား?"

"..."

"Dance Battle အစား ဒီနေ့ညမင်းတစ်ယောက်တည်းအတွက်ပဲ ငါကမယ်လေ!"

"Woow~~~"

ကလပ်ထဲကလူတွေရဲ့အော်သံကြောင့် ရှောင်းကျန့်ပိုရှက်သွားရကာ

"ကချင်က မကချင်နေ ငါပြန်တော့မယ်!!!"

"🎶 Music 🎶!!!"

"Yey!!!!"

မြူးကြွသည့်တီးလုံးတွေထွက်ပေါ်လာသံနှင့်အတူ ရိပေါ်က ပေါ့ပါးသည့် သူ့ခန္ဓာကိုယ်ကို စတင်လှုပ်ရှားလိုက်သည်။ ဆူညံတဲ့အားပေးသံတွေကြားမှာ တစ်ယောက်သောသူက သူ့ကိုကျောပေးရပ်နေဆဲမို့ ရိပေါ်ကကွက်ပြောင်းလိုက်သည်။ ကနေရင်း သူ့ abs တွေမြင်သာအောင်အင်္ကျီကို မ တင်လိုက်တော့ ကောင်မလေးတွေရဲ့အော်သံက စူးခနဲ့ထွက်လာသည်။

ကောင်မလေးတွေရဲ့ အော်သံစူးစူးကြောင့် ရှေ့ဆက်တိုးမည့်ရှောင်းကျန့် ခြေလှမ်းတွေတုံ့သွားကာ လှည့်ကြည့်သင့် မကြည့်သင့် ဆုံးဖြတ်ရခက်နေသည်။ ဘာတွေများအဲ့လောက်အော်နေကြတာလဲ? ရိပေါ်က ဘယ်လိုကလိုက်လို့လဲ? သူကတာကော ဟုတ်လို့လား? ငါ့အတွက်ကတာဆိုပြီး ဘာလို့သူ့အသံမကြားရတာလဲ?

​ရှောင်းကျန့်ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာ ဖြစ်ထွန်းသွားပြီး သိချင်စိတ်တွေလည်း တစ်ရှိန်ထိုးတိုးလာတော့သည်။ သူတို့အာရုံတွေ ငါ့အပေါ်မှာ မရှိလောက်တော့ပါဘူး! ငါလှည့်ကြည့်မကြည့်ဆိုတာ သူတို့သတိထားမိမှာလည်း မဟုတ်ပါဘူး!

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeWhere stories live. Discover now