Part 32

13.4K 1.3K 100
                                    

Unicode

နိုးချိန်တန်လို့ ရှောင်းကျန့်မျက်လုံးတွေပွင့်လာပေမဲ့ အိပ်ရာပေါ်မှာပျင်းရိစွာ အကြောဆန့်နေတုန်းပဲ! မနက်ခင်းနေရောင်ခြည်လေးရဲ့ နွေးထွေးမှုကြောင့်လည်းပိုပြီးတော့ မထချင်! ဒါပေမဲ့ရိပေါ်မနေ့ကခွဲခဲ့တဲ့မှန်အကွဲလေးကနေ နေရောင်ခြည်က သူ့မျက်နှာနဲ့တိုက်ရိုက်ကျနေသည်မို့ မျက်လုံးစူးလှသည်။ တစ်ဘက်ကိုလှည့်လိုက်တော့ ရိပေါ်ကခေါင်းအုံးပေါ် လက်ထောက်ပြီးသူ့ကိုပြုံးကြည့်နေသည်။

"မင်းသွားပြီမှတ်နေတာ!"

"ဟင့်အင်း! မနက်ခင်းတိုင်းမင်းနိုးလာမဲ့အချိန်ကို စောင့်ကြည့်ရတာ ဘယ်လောက်ပျော်စရာကောင်းလိုက်လံဆိုတာ မင်းမသိဘူးမို့လား? ဒါကိုငါဒီအတိုင်းလက်လွှတ်မခံနိုင်ဘူး!"

"မင်းအခုတလော စကားအရမ်းများလာတယ်လို့မထင်ဘူးလား? စောစောစီးစီးနားညည်းလိုက်တာ!"

"အဲ့လောက်ချိုသာနေတဲ့အသံကို မင်းမို့နားညည်းတယ်တဲ့လား? တစ်ချို့နားထောင်ချင်တာတောင် ဆုတောင်းမပြည့်ကြရှာဘူး!"

"..."

"မင်းနာနေသေးလား? ဘာလို့ ရှုံ့မဲ့နေတာလဲ?"

"..."

"အခုထိကျင့်သားမရသေးဘူးလား?"

ရိပေါ်စောင်ကိုလှန်ကြည့်ပြီး ကြည့်ဖို့လုပ်တော့ ရှောင်းကျန့်ကပြန်ဆွဲထားလိုက်ကာ

"နှစ်ကြိမ် သုံးကြိမ်ထိလုပ်ပြီး စိတ်ကျေနပ်သွားရင်တော်ရောပေါ့! မင်းက အညှာအတာမရှိငါသတိမလစ်မချင်းသောင်းကျန်းချင်နေတာ ငါမသိဘူးများမှတ်နေလား?"

"မင်းကချစ်ဖို့ကောင်းနေတော့ စိတ်မထိန်းနိုင်လို့ပါကွာ!"

"ငါမင်းကိုလုပ်မယ်ဆိုရင်ကော? တစ်ခါတစ်လေ အပြောင်းအလဲလေးဖြစ်အောင် Role ပြောင်းရအောင်လေ!!!"

"အာ~ငါကျောင်းသွားရတော့မှာပဲ! နောက်တောင်ကျနေပြီ!"

"ရိပေါ်!!!"

"ငါရေချိုးလိုက်ဦးမယ်!"

ရိပေါ်ရေချိုးခန်းထဲအမြန်ပြေးဝင်ပြီး ရှောင်းကျန့်လိုက်လာကာနားပူနေမည်စိုးသဖြင့် လော့ခ်ချထားလိုက်သည်။ ရေချိုးကန်ထဲ စိမ်ပြေနပြေရေစိမ်နေရင်း

BF for Boyfriend ( Yizhan ❤️ ) Zawgyi+UnicodeOù les histoires vivent. Découvrez maintenant