"မလုပ်ရဘူး!!!""ရှောင်းကျန့်! ငါတကယ်လုပ်ကြည့်ချင်လို့ပါ!"
"မရဘူး!"
"ဒီတစ်ခါလေးပဲခွင့်ပြုပေးပါကွာ!"
"..."
"မင်းစိတ်ပူတာ ငါသိပါတယ်! ဒါပေမဲ့ ဘာမှမဖြစ်စေရဘူးလို့ငါအာမခံတယ်!"
"ဒါဘယ်လောက်အန္တရာယ်များလဲ မင်းလဲသိရက်သားနဲ့!"
"ငါဆိုင်ကယ်မောင်းတာ ဘယ်လောက်ကျွမ်းကျင်လဲဆိုတာမင်းလဲသိတာပဲ!ပြီးတော့ ငါတစ်ယောက်တည်းမှမဟုတ်တာ! အဖွဲ့ထဲက အစ်ကိုတွေလည်းပါတယ်!"
ရှောင်းကျန့် ရိပေါ်ကိုအဖက်မလုပ်ဘဲ အတန်းရဲ့နောက်ဆုံးတန်းမှာဝင်ထိုင်လိုက်သည်။ ရိပေါ်လည်း သူ့ဘေးမှာဝင်ထိုက်လိုက်ရင်း သူ့လက်ကိုလာလာတို့သည်။ သူ့ကိုခွင့်ပြုပေးပါဆိုသည့်သဘော!
ခွင့်ပြုစရာလား? ကြည့်စမ်းပါဦး ဒီလောက်အန္တရာယ်များတဲ့ Yamaha ရဲ့ဆိုင်ကယ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်သေးတာတဲ့! သူကျွမ်းကျင်တာသိပေမဲ့ တစ်ခုခုဆိုကိုယ်ပဲရင်ကျိုးရမှာ! ဒီလောက်လေးတောင် အလိုက်မသိဘူးလား?
ဆရာဝင်လာတော့ ရိပေါ်လက်တို့ပြီးအပူကပ်တာတွေ ရပ်သွားကာ စာတွေထိုင်ရေးနေသည်။ ပြီးတော့ လက်ညိုးလေးဖြင့်သူ့ဘက်တွန်းပို့လာသည်။ အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံဖြင့် သူ့ကိုစာဖတ်ခိုင်းသည်။
ရှောင်းကျန့်ငဲ့ကြည့်လိုက်တော့
ငါမင်းကိုစိတ်ပူရအောင်မလုပ်ပါဘူး! ဒါကငါအရမ်းမျှော်လင့်ထားတဲ့ပွဲမို့ ငါဝင်ပြိုင်ချင်တာပါ! ငါ့ကိုယုံကြည်ပေးပါလား ရှောင်းကျန့်!
ရှောင်းကျန့်သက်ပြင်းရှည်ကြီးချလိုက်ပြီး ရိပေါ်ကိုလှည့်ကြည့်လိုက်သည်။ ရိပေါ်မျက်လုံးတွေက စိတ်အားထက်သန်မှုကြောင့် အရည်လဲ့နေကာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကြောင့် အရောင်တောက်ပနေသည်။ ရှောင်းကျန့်ထပ်ပြီး မငြင်းဆန်နိုင်တော့ဘဲ သက်ပြင်းထပ်ချလိုက်ရင်း အသာတကြည်ခေါင်းညိတ်ပြလိုက်သည်။
သူခေါင်းညိတ်ပြတာမြင်တော့ ရိပေါ်ပြုံးလိုက်ကာ ရှောင်းကျန့်လက်ကိုဆုပ်ကိုင်လိုက်သည်။ ရှောင်းကျန့်ပါလိုက်ပြုံးလိုက်ရင်း ပြန်ဆုပ်ကိုင်ထားလိုက်သည်။ ရိပေါ်အပြုံးက တန်ဖိုးကြီးတယ်! ဒီအပြုံးလေးကိုကြာရှည်စွာတည်တံ့နေစေချင်တာ သူ့ရင်ထဲကဆန္ဒတစ်ခု!
YOU ARE READING
BF for Boyfriend ( Yizhan ❤️ ) Zawgyi+Unicode
Romance"BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါဆို ဘာလဲ?" "BF for BoyFriend!! ငါကမင်းရဲ့ BoyFriend!" ❤️❤️❤️ Unicode "BF ကိုမင်းဘယ်လိုသဘောရလဲ?" "မင်းနဲ့ ငါ့ကြားလား?" "အင်း" "Best Friend ပေါ့" "မဟုတ်ဘူး!" "ဒါ...