#Unicode
ခွင့်ပြုပါ
အပိုင်း (၁)
#ခွင့်ပြုပါ
"သမီး...အရီရေ....ဟဲ့..ဒီကောင်မလေး ဘယ်ရောက်သွားပြန်တာလည်း..."
"သမီး..ဒီမှာ...မေမေ.."
"အမလေး...အမလေး...ဒါ က ဘယ်လို ဖြစ်လာတာတုန်း....ဘယ်သူ့ကလေးလည်း..."
"စိန်စိန့်ကလေး လေ....သူစျေးရောင်းသွားမလို့...သမီး ထိန်းပေးမယ်ဆိုပြီး ခေါ်ခဲ့လိုက်တယ်..."
"ဟဲ့..နင်...ငါတော့ ခေါက်မိတော့မယ်...ချစမ်း..ချစမ်း... အရွယ်လောက် ရှိတဲ့ ကလေးကို ချီထားလိုက်တာ..တယ်လေ..."
မေမေ က လက်ရွယ်လိုက် နှုတ်ခမ်းကိုက်လိုက်ဖြင့် ဒေါသကို မြိုချနေရတာ သိတော့ ရီရီထွေး ခါးစောင်းအောင် ချီထားရသည့် ငုဝါလေးကို မြေကြီးပေါ် ဆင်းခိုင်းလိုက်ရသည်..။
"လာ..လာ...ညီမလေး..ခြေဆေးပြီး... အိမ်ပေါ်တက်နော်.."
"ကိုလှ...."
"ဟေ.."
"တော့် သမီး ကို မပြောတော့ဘူးလား..ဟမ်..."
"ဘာဖြစ်ပြန်တာတုန်း.."
"ဒီမှာ ရွာထဲက စိန်စိန်သမီးကို ခေါ်ခဲ့ပြန်ပြီ..."
"သြော်...သမီးက ကလေး ချစ်တာကိုးကွာ...မင်း မမွေးပေးနိုင်လို့ သူ့ဟာသူ ရှာကြံ ထိန်းနေတာ နေပါစေ..."
"ဟင်း...ငါနော်..."
မေမေ နဲ့ ဖေဖေ စကားပြောနေတုန်း ငုဝါလေး ကို ခြေလက်ဆေး ပေးပြီး အိမ်ပေါ်ခေါ်ခဲ့ပြီလေ...။
ထွေး အခန်းရှိတဲ့ မီးဖိုချောင် ရေကပျဉ် နားကို ခေါ်ခဲ့ချိန် ငုဝါလေးက လိုက်မလာပဲ ထမင်းစားပွဲဆီကို ရောက်သွားသည်..။
"ကလေး..ဗိုက်ဆာလို့လား..."
"......"
"ဟယ်....သနားပါတယ်....မမကျွေးမယ်နော်....လာ...မမ ခွံမယ်..."
ညနေစာ ထမင်းဝိုင်း ပြင်ထားတာမို့ လက်ဆေးရေ ဇလုံထဲ လက်နှစ်ဆေးကာ ထမင်းပန်ကန်ထဲကို ထမင်းယူထည့်လိုက်သည်..။
ကလေး က စပ်မှာ စိုးလို့ ငပိရည်နဲ့ ငါးဟင်း မကျွေးတော့ပဲ ကြက်သားပြုတ်ကြော် နှစ်ဖက် ခပ်ထည့်လိုက်သည်.။
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"