ခွင့်ပြုပါ
အပိုင်း(၁၀)
#ခွင့်ပြုပါ
"မာမီ..."
"သား..."
"ခေါင်းမူးသေးလား..."
"အင်း... ခေါင်းထဲ တော့သိပ်မကြည်သေးဘူး...."
"မာမီ ပရက်ရှာ အရမ်းကျသွားတယ်လေ.."
"သား..ဒက်ဒီ..."
"ဒက်ဒီ ဆရာဝန်ဆီ သွားတယ်...ခု ပြန်လာမှာပါ..."
မာမီ့ နဲ့ စကားပြောနေချိန် ဒက်ဒီ က အခန်းထဲကို ရောက်လာသည်...။
"သြော်...မာမီ နိုးနေပြီပဲ..."
"ဟုတ်....ဒေါက်တာ ဘာပြောလဲ..ဒက်ဒီ..."
"စိုးရိမ်စရာ မရှိပါဘူး...ပရက်ရှာ ပုံမှန်ဖြစ်ရင် ပြန်လို့ရပြီတဲ့...သူတို့ခဏနေ လာစစ်ဆေးလိမ့်မယ်...ဝါ ကလည်း ဂရုမစိုက်ဘူးကွာ....ခြောက်လ တစ်ကြိမ်လောက် ကျန်းမာရေးစစ်ဆေး သင့်တယ်လို့ ကိုယ်ပြောတယ်လေ..."
"အလုပ်တွေနဲ့ဆိုတော့...."
"ဟုတ်ပါတယ်...ကိုယ် အသုံးမကျတာတွေပါ..."
"မာမီ နိုးပြီ ဆိုတော့ ကျွန်တော် အိမ်ပြန်လိုက်ဦးမယ်..."
"ဟုတ်တယ်...အိမ်မှာကလေးတွေချည်းပဲ သားပြန်လိုက်...မာမီ့ကို စိတ်မပူနဲ့လို့ ဘွားလေး ကို ပြောလိုက်ဦးနော်..."
"ဟုတ်..."
နိုနို အိမ်ပြန်ရောက်တော့ ဘွားလေး စိတ်ပူနေပြီ..။
ပန်ပန် နဲ့ သုသုကလည်း မျက်နှာငယ်လေးဖြင့် ထိုင်စောင့်နေကြသည်..။
"ဟဲ့...နိုနို...နင့်အမေ ဘယ်လို နေလဲ..."
"ကောင်းသွားပြီ ဘွားလေး....ဆေးယူပြီးရင် ဒက်ဒီ နဲ့ ပြန်လာလိမ့်မယ်..."
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"