ခွင့်ပြုပါ
အပိုင်း(၁၅)
#ခွင့်ပြုပါ
"မဟုတ်ဘူး...မဟုတ်ပါဘူး...အန်တီရယ်.."
"ဟုတ်တယ်...မာမီ..ဟုတ်တယ်...ဒီလူ က သူ့ဆီ ကိုတောင် လိုက်လာတယ်......"
သူစိမ်းတွေ အလယ်မှာ ထွေး အထိတ်တလန့်ဖြစ်နေကာ ဘာပြောရမှန်း မသိ..။
မေမေ့ကိုသာ အလောတကြီး ဖွေရှာမိသည်..။
"ဖြန်း.."
"အမျိုးယုတ်မ....မိဘ မျက်နှာကို မှ မထောက်...နင့်လို သမီးကြောင့် ငါ သိပ်ရှက်တယ်..သိလား.."
"မဟုတ်...မဟုတ်ဘူး..မေမေ..."
"နင့်လို တောသူမ က ငါ့သားကို ဖက်တွယ်ထားတုန်းလား...မရှက်တက်ဘူးလား ..ဟမ်...."
"သူများ ယောက်ျားကို မြူဆွယ်တာ...ရှင့်ရဲ့ ရိုးသားမှုလား.."
"မာမီ ....သူ့လို မိန်းမ ကို ကျွန်တော် မယူချင်တော့ဘူး..."
"ဟင်....လူကြားလို့မကောင်းပါလား...ထွေးထွေးရယ်..."
"မဟုတ်ဘူး..အရီးလေး...ဒါ.."
"ဟင်း...သူများ မိသားစုကို ဖျက်လို့ ဖျက်စီး လုပ်နေတဲ့ မိန်းမ က စာပြနေတော့ ကလေးတွေ ဘာကို အတုယူကြဦးမှာလည်း..မသိ..."
"ကိုယ်ကျင့်တရား စာရိတ္တ မကောင်းတဲ့ ဆရာမ ထွက်စာတင်ပါ..မဟုတ်ရင် ကျွန်တော်တို့ တိုင်ရလိမ့်မယ်.."
"အို..."
"ဆရာမ သင်တဲ့စာလည်း မဖတ်နိုင်ဘူး...ဆရာမက မကောင်းဘူး.."
"...သူများ ယောက်ျားနဲ့ ရှုပ်တယ်...ဒီလို ဆရာမဆီ မှာ ကျွန်မတို့ သားသမီးကို ဘယ်လို အပ်ထားမလည်း.."
"ဘာပဲ ဖြစ်ဖြစ်...အားလုံး ခွင့်လွှတ်တယ်....သူများယောက်ျားနဲ့မှ ပတ်သက်ချင်တဲ့ မိန်းမတွေဆို တကယ်ရွံတယ်.."
"ကျွန်မ..."
လူပေါင်းများစွာ လက်ညိုးပေါင်းများစွာရဲ့ အောက်မှာ ထွေး တဖြည်းဖြည်း သေးကွေးလာကာ နေစရာမရှိ ဖြစ်လာသည်..။
အို..မဟုတ်ဘူး...။
မပြောကြပါနဲ့တော့....။
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"