ခွင့်ပြုပါ
အပိုင်း(၃၄)
#ခွင့်ပြုပါ
10-28-01-44
"ဟင်..."
"........."
"ကျစ်..."
နိုနို မျက်လုံးဖွင့်လိုက်ချိန် မျက်လုံးရှေ့က ပန်းပွင့်ပုံလေးတွေ ကြောင့် မျက်မှောင်ကြုတ်မိသွားသည်..။
မော့ကြည့်လိုက်တော့ အထွေး အိပ်ပျော်နေသည်လေ..။
ဘာဖြစ်လို့ ဒီမှာ လာအိပ်တာလဲ..။
အထွေး ခါးလေး ပေါ် ရောက်နေတဲ့ နိုနို လက်ကို ပြန်သိမ်းလိုက်ကာ ရင်ဘတ်နားရောက်နေတဲ့ ခေါင်းကို နောက်ဆုတ်လိုက်ရသည်..။
အိပ်ပျော်နေတဲ့ မြတ်နိုးရသူ ကို မော့ငေးရင်း တစ်ချက်ပြုံးမိသွားသည်..။
ကလေး လေး လိုပဲ...နှုတ်ခမ်းလေး စူလို့...။
နိုနို ပြုံးရင်း ထထိုင်လိုက်ကာ နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်ရှည်တွေကို သပ်တင်ပေးလိုက်သည်..။
ပါးလေး ကို တို့ထိ ဖို့ ရည်ရွယ်လိုက်ပြီးကာမှ ရင်ထဲ မောရပြန်သည်..။
အထွေးရင်ထဲမှာ ဘယ်သူ ရှိလဲ..။
အမှန်အတိုင်း ဝန်ခံပေးပါလား အထွေးရယ်..။
အမှန်အတိုင်း သိရရင်လည်း လက်လွှတ်ဆုံးရှုံး မခံနိုင်ပါဘူးလေ..။
မနက်ခင်း ကြည်နူးစိတ်နဲ့ ပြုံးနေတဲ့ အပြုံးလေး ပျောက်သွားကာ သက်ပြင်း တိုးတိုး ချမိသည်..။
အဖျားမရှိတော့ပေမဲ့ ကိုယ်ထဲမှာတော့ နံှုးနေသေးသည်..။
အာခေါင်တွေ ခြောက်လို့ ရေသောက်ဖို့အတွက် ခြင်ထောင်အပြင်ထွက်ခဲ့ရသည်..။
ဒီနေ့ကော ကျောင်းသွားလို့ရပါ့မလား..။
အထွေးက စိတ်ပူပြီး ဟိုပြေး ဒီပြေး နဲ့ ပင်ပန်းရဦးမည်..။
"ဟင်...နိုနို..."
".........."
"ဘာဖြစ်လို့လဲ..."
နိုနို အပြင်ရောက်တာနဲ့ ခြင်ထောင်ထဲမှာ ထထိုင်ရင်း မေးလိုက်တော့ ပြုံး၍ ခေါင်းရမ်း ပြလိုက်သည်..။
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"