ခွင့်ပြုပါ
အပိုင်း(၃၆)
#ခွင့်ပြုပါ
10-29-11-12
"ဒီစာအုပ်ကို သူဘယ်တော့မှ မဖတ်တော့ဘူး ဆိုတာ သိပေမဲ့ မျှော်လင့်မိတယ်...ဒါက သူ့သံသယတွေ နည်းနည်း လျော့ပေးနိုင်မလားလို့ တွေးမိတယ်..."
"ချစ်သူ နှစ်ယောက်ကြားမှာ ဘာဖြစ်လို့များ အနှောင့်အယှက်တွေ အများကြီး ရှိနေတာလဲ...."
"ပန်းလေးတွေ ပန်ပေးချိန် ရင်ခုန်လိုက်တာ..."
"မင်္ဂလာပွဲမှာ စိတ်ကူးယဉ်ထားသလို မပျော်ရဘူး...နိုနို စိတ်ဆိုးနေတော့ စိတ်မကောင်းဘူး.."
"မပွင့်မလင်း နဲ့ ဘာကို စိတ်ဆိုးနေမှန်း မသိပေမဲ့ အတက်နိုင်ဆုံးတော့ ချော့ရဦးမည်.."
"ပင်ပန်းပေမဲ့ ပျော်တယ်....အိမ်လေး က ချစ်ဖို့ကောင်းလိုက်တာ....အိမ်ကို ပြင်ဆင်ပေးတဲ့ သူက ပိုပြီး ချစ်ဖို့ကောင်းသေးတယ်..."
"အတူတူ မအိပ်ရပေမဲ့အိပ်မက်ထဲမှာ ဆုံလို့ရတာပဲလေ..."
"အား....."
စာအုပ်ကို ပစ်ချလိုက်ပြီး နိုနို အသံကုန်အော်ဟစ် ပေါက်ကွဲ ပစ်လိုက်ပေမဲ့ ရင်ထဲမှာ မွန်းကြပ်နေသည်..။
မမုန်းလိုက်ပါနဲ့ အထွေးရယ်...။
မှားခဲ့တယ် ဆိုရင်တောင် အချစ်ကြောင့် မှားခဲ့တဲ့ အမှားတွေပါ..။
မေတ္တာနဲ့သာ ခွင့်လွှတ်ပေးပါ..။
နိုနို တီရှပ်ပေါ်မှာ အကျီ ၤ ထပ်ဝတ်ပြီး စက်ဘီး ဆွဲကာ ကျောင်းကို ပြန်ထွက်လာခဲ့လိုက်သည်..။
ညနေ ငါးနာရီ မှာ ပြန်ရောက်မယ် ဆိုတာ သိပေမဲ့ အိမ်မှာ တစ်ယောက်ထဲ ထိုင်နေရတာက ပိုပင်ပန်းပါသည်..။
ကိုယ့်ကို ချစ်လို့ အသက်နဲ့ လဲဖို့ ဆုံးဖြတ်ခဲ့တဲ့ မိန်းမ ကို နိုနို က အထင်လွဲ ရန်ရှာ မိတာလေ..။
သူ့ အရှက် သိက္ခာကို စော်ကားခဲ့မိတာ...။
အထွေး ခွင့်မလွှတ်မှာ တွေးကြောက်ရင်း ခြေထောက်တွေက လေးလံလာသည်..။
နိုနို ဆိုးသမျှ ကို နားလည်ပေးတဲ့ အထွေးက ဒီတစ်ခါလည်း ခွင့်လွှတ်မှာပါလို့ မဝံ့မရဲ မျှော်လင့်မိသေးသည်..။
VOCÊ ESTÁ LENDO
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"