Part 32

1.3K 76 3
                                    

ခွင့်ပြုပါ

ခွင့်ပြုပါ

အပိုင်း(၃၂)

#ခွင့်ပြုပါ

10-26-06-22

"ဆရာပြည့်စုံ..."

"......."

"ကောက်ညှင်းပေါင်းလုပ်စားကြတာလေ...ဆရာ့အတွက်လည်း ထည့်ပေးလိုက်တယ်.."

"ရတယ်...မစားဘူး..."

"စားပါ...အခုလို ပူပူလေး မစားဖူးဘူး မလား..."

"..........."

ကလေးဆန်စွာဖြင့် သူ့ရှေ့မှာ ကောက်ညှင်းပေါင်း ပန်းကန်ကိုင်၍ တားထားတဲ့ထွေး လက်ကို တွန်းဖယ်ပြီး ထွက်သွားတော့ မာန ကို ထိခိုက်ပေမဲ့ အမှတ်လည်း မထားမိပါ...။

မိန်းကလေး ဘက်က ဒီလို အလိုလိုက် လိုက်ချော့နေမိတာ သိက္ခာကျတယ်လည်း မတွေးမိပါ..။

သူနဲ့ ပြန်အဆင်ပြေချင်တာပဲ ထွေး သိသည်..။

"ဆရာ ပြည့်စုံ..ခဏ..."

ကျောင်းစိမ်းနဲ့ ဘိုကေ ကျော့နေတော့ သူကတော့ တကယ့် ဆရာကြီး ဖြစ်လို့.။

ထွေးမှာတော့ သူနောက်ကို အတင်းလိုက်ကပ်နေတဲ့ ဆရာမလေး ပေါ့လေ..။

ဆရာမ မေစံပယ် အနေမတက်ဘူးလို့ စိတ်ထဲက ပြစ်မှားမိတာကို နောင်တရပါသည်.။

အခုတော့ ကိုယ်က သူ့ထက်ဆိုးသည့် ဘဝအခြေအနေ ရောက်ရပြီးကိုး..။

ဟင်း...မာမီ သင်ပေးတဲ့ အတိုင်း ချွဲရတာ  မလွယ်ပါလားနော်..။

ဒီအသက်အရွယ်မှာ ကလေးဆန်နေတာ ရှက်ဖို့ကောင်းလိုက်တာ..။

ဒါပေမဲ့ ဘယ်တက်နိုင်ပါ့မလဲ...။

ထွေး ငယ်ငယ်ကတည်းက စူပုတ်ပုတ် နိုနိုလေး ကို ချော့ဖို့ အလိုလို တာဝန်ရှိနေသည်ကိုး..။

"......."

"အိမ်က ဖုန်းဆက်သေးတယ်...ဆရာ့ ဖုန်းကို ဆက်လို့ မရလို့တဲ့လေ...ဖုန်း အားမဝင်ဘူးထင်တယ်..."

"ဝင်တယ်....အသံပိတ်ထားမိလို့ပါ..."

"စာရင်းတွေ ကွာလို့လားဟင်..."

"ဟုတ်တယ်...ရန်ကုန် သွားရဦးမယ်..."

"ဘယ်တော့လဲ..."

ခွင့်ပြုပါ (Unicode)Tahanan ng mga kuwento. Tumuklas ngayon