ခွင့်ပြုပါ
အပိုင်း(၁၄)
#ခွင့်ပြုပါ
"ဖုန်းဆက်လို့ကော...မရဘူးလား.."
"တနင်္ဂနွေ နေ့တိုင်း ဆက်ပါတယ်....ဒီကို ရောက်နေတာ သိတော့ ဒီကိုပဲ ဆက်မှာပေါ့....အခုက ဗုဒ္ဓဟူးတောင် ဖြစ်နေပြီ မဆက်တော့...နည်းနည်း စိတ်ပူတာပါ..."
"ဟုတ်တယ်...တို့တွေ စီစဉ်ထားတာ သိသွားလို့များလား.."
"မဆိုင်ပါဘူး...အရိပ်အမြွတ်လောက်တော့ ပြောထားပါတယ်...မိုးအရမ်းများရင် မဆက်ဖို့ ငါ ပြောထားလို့ပါ..."
"ခင်မိုး...မသိပါဘူးကွာ...တို့ အိမ်တွင်းရေး ပြဿနာတွေကြောင့် ကလေးချင်း စိမ်းသွားတာပါ..."
"ဝါဝါ ရယ်...သူ က အလုပ်ကြောင့် မလာနိုင်တာပါဟယ်..."
"မဟုတ်ဘူး..မဟုတ်ဘူး..တို့သိတယ်...
အဖြစ်က ဒီလိုပါ...တို့ အကြောင်းတွေကို အခုလို ရင်ဖွင့်ပြရတာ တို့က ညီမအရင်းတွေလိုပါပဲကွာ...တို့ကို အထင်တော့မသေးပါနဲ့နော်...အစ်ကို နိုင်ငံခြားမသွားခင် က သုသုကိုယ်ဝန် ကိစ္စ အကြောင်း နဲ့ ပြဿနာ တက်တာ...တို့ပြောဖူးတယ်လေ..."
"အင်း...နင်တို့လင်မယားတွေ.....ရန်ဖြစ်ကြတယ်လေ..မှတ်မထားဖို့ ငါပြောလိုက်သေးတယ်..."
"ဟင်း...ဟုတ်တယ်...ဒါပေမဲ့...တို့က သိပ်အမှတ်ကြီးတယ်...အဲဒါကြောင့်လည်း မလိုအပ်တဲ့ ပြဿနာတွေ ထပ်ဖြစ်တာပဲ မိုးရယ်..."
"........."
"ပြဿနာတွေကို ပြေလည်အောင် မရှင်းနိုင်ခင် အစ်ကို က ထွက်သွားတော့ တို့ရဲ့ မာနနဲ့ အရှက်ကို ထိခိုက်လို့ အစ်ကို နဲ့ လုံး၀ မပတ်သက်တော့ဖို့ တွေးမိတယ်....နောက်ပိုင်း အဆက်အသွယ် လုံး၀ မလုပ်ဘူး...နိုင်ငံခြားရောက်ပြီး သုံးနှစ်ကြာတော့ အစ်ကို က ဟိုမှာ မိန်းမ တစ်ယောက်နဲ့ တူတူနေတယ်ဆိုတဲ့ သတင်းရတယ်...အဲတော့ တို့လည်း ဒေါသထွက်ပြီး မစဉ်းစား မဆင်ခြင်ပဲ...အပြစ်လုပ်မိတယ်....အလုပ်မှာ အကူအညီရတဲ့...တိုးဝေဆိုတဲ့ .... လူယုတ်မာ တစ်ယောက်ကို အိမ်ဦးခန်းမှာ တင်ကိုးကွယ်မိတယ်...အဓိက မာနကြောင့်ပါပဲ မိုးရယ်...ဟင်း...အခု အစ်ကို့ ရဲ့ ခွင့်လွှတ်မှုကြောင့် ...တို့ နောင်တ အရမ်းရတယ်...တို့ရဲ့ လုပ်ရပ်တွေကို ထွေး သိပါတယ်...နိုနိုကိုယ်တိုင် ထွေးကို ပြောပြတာပါ...ပြီးတော့ အကူအညီ..."
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"