ခွင့်ပြုပါ
အပိုင်း (၄)
#ခွင့်ပြုပါ
"ဟမ်..."
"ဟဲ့..ဘယ်လို ဖြစ်တာလည်း.."
"အရီးလည်း သိသားပဲ....ကိုလှထွေး က..."
"အို...မိုးကလည်း...တို့ကို မသနားဘူးလားကွယ်..."
မေမေ ပြန်ဖို့ ပြောလိုက်တာနဲ့ အရီးလေး ကလည်း ဆူသလို အန်တီဝါဝါကလည်း မျက်နှာမကောင်းပဲ အနားမှာ ထိုင်ရင်း ဆက်နေဖို့ ပြောတော့မည်..။
ဒီလိုနဲ့ သုံးလေးရက်တောင် နေပြီးပြီပဲလေ..။
ထွေးလည်း ဒီမှာ မပျော်တော့ပါ..။
သုသု နဲ့ ပန်ပန် တို့က တရိုတသေ စကားပြောရင်းနှီးပေမဲ့ နိုနို ကိုတော့ ညစာ ထမင်းစားချိန်မှ တွေ့ရသည်...။
စကားပြောဖို့လည်း အဆင်မပြေသလို သူ့ကို တွေ့နေ မြင်နေ ရင်ကို ထွေးမှာ စိတ်ရှုပ်ရသည်..။
ဆေးလိပ် သောက်တာ မကောင်းဘူး ပြောချင်ပေမဲ့ ခပ်ရိုင်းရိုင်းတွေ ပြန်ပြောရင် ထွေးနဲ့ တစ်သက်စာ ရင်းနှီးမှုတွေ ပြတ်တောက်ကုန်မှာ စိုးလို့ နှုတ်ဆိတ်နေရသည်...။
ညတုန်းကဆိုရင် လူကြီးတွေ ထမင်းစားစောင့်နေပေမဲ့ ဆင်းမလာတော့ အန်တီဝါဝါ ကိုယ်တိုင် သွားခေါ်ရသည်..။
ဆင်းလာပြီး ထမင်းစားပြန်တော့လည်း ထမင်း ပန်းကန် အရာမယွင်းပဲ ထားခဲ့ပြန်သည်..။
တစ်ခါတလေ အန်တီဝါဝါ ကို ရိုက်ပြီး ဆုံးမ စေချင်သည်..။
ရွာမှာဆိုရင် လူကြီးတွေက သားသမီး မလိမ်မာရင် ဘယ်အရွယ်ဖြစ်ဖြစ် ရိုက်ဆုံးမကြသည်..။
ဟိုတလောကပဲ ဦးကျော် ကို သူ့အမေ အသက်၈၀ကျော်က တံမြတ်စည်းနဲ့ လိုက်ရိုက်လို့ အရက်ပုလင်းကိုင်ပြီး ပြေးရသေးသည်လေ...။
မိန်းမသား တစ်ယောက်တည်း အိမ်မှုကိစ္စ မိဘတာဝန် သားသမီး တာဝန် အိမ် ပြဿနာ အ၀၀ ကို တာဝန်ယူထားတဲ့ အန်တီဝါဝါကိုလည်း သနားပါသည်..။
ဒါပေမဲ့ ဘယ်တက်နိုင်မလည်း...သူတို့ မိသားစုကိစ္စလေ..။
"တို့ ဆိုင်မသွားရတာ ဆယ်ရက်ကျော်ပြီ မိုးရယ်...မိုးတို့ ရှိတုန်းလေး တစ်ခေါက်လောက် သွားကြည့်ချင်တာ...မေမေ့ အနားက ခွာလို့ မရဘူးလေ...သမီး ရှိလို့ စိတ်ချရတာပါ..."
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"