ခွင့်ပြု့ပါ
အပိုင်း(၃၇)
#ခွင့်ပြုပါ
10-29-03-36
"ဆရာ....ရေချိုးဦးမယ် မလား.."
"အင်း..."
"ခြံနောက်ဘက် မှာလေ...နွယ်တက်နေတဲ့ ခဝဲပင်လေး တွေ့တယ်.."
"မနွယ်ပါဘူး....ကျွန်တော် စိုက်ထားတာပါ..."
"ဟုတ်ပါတယ်...အဲဒါ နည်းနည်း ခူးပေးပါလား.."
"တို့စားမလို့လား..."
"နည်းနည်း သုပ်မလို့ပါ...နုတာလေးပဲနော်..."
"အင်း...."
ပုဆိုး တစ်ထည် ပခုံးပေါ် တင်ပြီး ထွက်သွားတဲ့ ဆရာမောင်မောင် ကို ကြည့်ကာ ထွေး ပြုံးမိသည်..။
လူ ကို ရင်ခုန်အောင် အမျိုးမျိုး လုပ်တက်သည်လေ..။
ခေါင်းပေါ် က ဆံညှပ်ကလေး ကို ဖြုတ်ပြီး တယုတယဖြင့် ခုံလေး ပေါ် တင်လိုက်သည်..။
ဆံညှပ်တွေ အများကြီး ရှိပေမဲ့ ထုတ်မပန်ရက်ပါဘူး..။
သူ ပင်ပန်းခံပြီး ဝယ်ထားရတာ ကို အမျိုးမျိုးထုတ်ပန်ပြီး ပျက်စီးသွားမှာ နမျော မိလို့ပါလေ..။
ထွေး ကျောင်းဝတ်စုံတွေ လဲပြီး လွှားလိုက်ချိန် ပခုံးနေရာ မှာ ကပ်ညှိပါလာတဲ့ သူ့ကိုယ်သင်းနံ့လေး ကြောင့် မျက်နှာပူသွားသည်..။
ကျောင်းပြန်ရင် စက်ဘီးရပ်ပြီး လူသွားလမ်းကြီးမှာ အတင်းဖက် စရာလားလို့..။
လယ်ကွင်းဘေး သမီးရည်းစား ချိန်းတွေ့တာ ကျနေရောပဲ...။
အိမ်မှာလည်း နှစ်ယောက်တည်း ရှိတာ ကိုပဲ...တကယ်ပဲ....ကဲလွန်းတယ်..။
ထွေးရဲ့ အပြစ်မရှိတဲ့ အကျီၤလေး ကို မျက်စောင်းဝဲမိပြီး ပြုံးစေ့စေ့ ဖြစ်သွားသည်..။
သူ့လို ကြာကြာ စိတ်ကောက်တက်ရင် ကောင်းမှာပဲ.။
ခုတော့ နိုနို နဲ့ပတ်သက်လာရင် ထွေးမှာ စိတ်ဆိုး စိတ်ကောက်ဖို့ ခက်လွန်းသည်..။
ပူဆာသလို နည်းနည်းလေး ပြောလိုက်ရင်ကိုပဲ သူ့အလို လိုက်ပြီး ခွင့်လွှတ်ချင်နေပြီ..။
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"