ခွင့်ပြုပါ
အပိုင်း(၃၈)
#ခွင့်ပြုပါ
"အထွေး..."
"ဟင်..."
"လာဦး...."
"ဘာဖြစ်လို့လဲ...ထတော့လေ...."
"လာပါဦး...ဆို...."
ထွေး သနပ်ခါး လိမ်းပြီးစ မို့ ခြင်ထောင်ကို ဖြည်းဖြည်း ဖွင့်ကာ သူ့ အနားမှာ ဆောင့်ကြောင့် ထိုင်ရင်း မေးငေ့ါ ပြလိုက်သည်..။
"အို....."
"ဟား....ဟား.....အမလေး...အေးလိုက်တာ...လန်းဆန်း သွားတာပဲ...."
သူ လုပ်ချင်တာ လုပ်ခွင့်ရတော့ ကလေး တစ်ယောက်လို အော်ရယ်ပြီး တစ်ကိုယ်လုံး တုန်ပြကာ ခြင်ထောင် ထဲက ထွက်ပြေးသွားသည်..။
ထွေးမှာတော့ မျက်စောင်းထိုးလိုက်ရပေမဲ့ နှုတ်ခမ်းပေါ်မှာ အပြုံးလေး ဖြင့်လေ..။
ခြင်ထောင်သိမ်းပြီး ခေါင်းအုံးလေး နှစ်လုံးကို နေရာချ ကာ စောင်တွေ ခေါက်သိမ်းရသည်..။
ညဆို ကိုယ် အပူသည် က ဘယ်တော့မှ စောင်မခြုံတော့ စောင်ခေါက်ရတာ သက်သာသည်ပေါ့လေ..။
အိပ်ရာကို သေချာ နေရာချပြီးနောက်မှ သနပ်ခါး ခုံလေး ဆီကို တစ်ခါပြန်သွားရသည်..
တွေ့လား..။
ပါးကွက် ပျက်နေတဲ့ ဘယ်ဘက်ကို သေချာ ပြန်ညှိပြီး သနပ်ခါး လေးတွေ ထပ်တင်ရသည်..။
နေ့တိုင်း လိုလို ပါးကွက် တစ်ဖက်က ထူနေတာ မဆွေတို့ ရန်စတော့မှာပဲ...။
သူ့ အကြောင်းကို သိရဲ့သားနဲ့ အနား ကို အမှတ်မရှိ သွားခိုင်းတဲ့ ကိုယ့်နှလုံးသားကိုသာ အပြစ်တင်လိုက်ရတော့သည်...။
"ဆရာမမမရေ...."
"လုပ်ပြန်ပြီ..."
"ဆရာမမမလို့ဆို..."
'...လာပြီ...မောင်..."
ထွေး သနပ်ခါး ကျောက်ပျဉ်လေးကို နေရာ ရွေ့နေရင်းမှ ကပျာကယာ ထသွားရသည်..။
မျက်နှာသစ်ရင်း ခေါ်တော့ မျက်နှာသုတ်ပုဝါပါ တစ်ခါတည်း ယူသွားမိသည်..။
BINABASA MO ANG
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"