ခွင့်ပြုပါ
အပိုင်း(၂၈)
#ခွင့်ပြုပါ
10-15-02-49
"ဟလို..."
"နေကောင်းလား..မေမေ..."
"ကောင်းပါတယ်...ညည်းကော..."
"ဟုတ်....ကောင်းပါတယ်..."
"နက်ဖြန် ကျောင်းပိတ်သေးတယ် မလား.."
"ဟုတ်..."
"အိမ်ပြန်ခဲ့ဦးလေ..."
"လကုန် မှပြန်ခဲ့မယ်လေ..."
"နင့် အရီးလေး တို့လည်း ရောက်နေတယ်..."
"ရှင်..."
"အေး...နိုနို ကိုလည်း ခေါ်ခဲ့လိုက်...ညည်း အဖေ ကို ထွက်ကြိုခိုင်းလိုက်မယ်..."
"ရတယ်..မေမေ...ထွေးတို့ဖာသာ ပြန်ခဲ့ပါမယ်..."
"ဒါလည်း ကောင်းတာပဲ...ဒါပဲ....ဒါပဲ...."
"အို..."
ဖုန်းချသွားတော့ ထွေး မျက်ခုံးတွန့်သွားသည်..။
မေမေ ကလည်း သတိရလို့ ဖုန်းခေါ်တာကို ဘာဖြစ်လို့များ ချပစ်လိုက်တာလည်း..။
အရီးလေး တို့ ဘယ်တုန်းက ရောက်နေလည်းတောင် မမေးလိုက်ရဘူး..။
နေကောင်းရဲ့လား မသိ...။
မဖြစ်မနေ ပြန်ရတော့မှာမို့ ဆရာကြီးဆီ မှာ ခွင့်တိုင်ရဦးမည်..။
အန်တီဝါ နဲ့ နောက်ဆုံး ဖုန်းပြောခဲ့တာ သတိရတော့ ထွေး စိတ်လှုပ်ရှားရပြန်သည်..။
"သမီးရေ...နောက်တစ်ပတ် ကျောင်းပိတ်တယ် မလား.."
"ဟုတ်..."
"အန်တီတို့ ရွာကို လာမလို့ ကလေးရဲ့..."
"သြော်....ဟုတ်...ထွေး လည်း ပိတ်ရက် လာခဲ့မယ်.."
"စောင့်နေမယ်နော်..."
"ဟုတ်..."
အန်တီဝါ လာလည်ရုံ သပ်သပ် ဟုတ်ရဲ့လား လို့ တွေးမိတော့ ရင်ခုန်နှုန်းမြန်လာသည်..။
နိုနို နဲ့ စေ့စပ်ပေးမယ် ဆိုရင်လည်း ထွေး မငြင်း နိုင်ပေမဲ့ တစ်ခုခု လွဲချော်သွားမှာ စိတ်ပူမိသည်..။
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"