ခွင့်ပြုပါ
အပိုင်း (၇)
#ခွင့်ပြုပါ
"ကျွန်တော် သွားနေတုန်း.."
"သိပါပြီ...အရင်တာဝန်ပဲမလား.."
"ဟွင်း...ဟုတ်တယ်..."
စာမေးပွဲ ပြီးလို့ သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ ကို သူ့မှာ အတော်လေး စိတ်မချ ဖြစ်နေတာ သိတော့ ထွေး ရွာမပြန်သေးဘူးလို့ ခေါင်းညိတ်လိုက်ရတော့သည်..။
ငပလီ ကို သွားဖို့ အရေး အဝတ်အစားတွေလည်း ထုတ်လိုက် ထည့်လိုက်ဖြင့် အလုပ်များနေသေးသည်..။
"နိုနို..."
"ဟင်.."
"အဝတ်အစားတွေ မများဘူးလား.."
"ကျွန်တော် က မိသားစုနဲ့ ပဲ သွားဖူးတာလေ....အခု ဘယ်နှရက် ဘယ်လောက်ထည့်ရမလည်းမသိသေးဘူး..."
"အိတ်ကြီး က ကြီးနေတော့ သယ်ရတာ ပင်ပန်းနေမှာပေါ့..."
"ရပါတယ်..ထားလိုက်...လိမ်လိမ်မာမာ နဲ့ တာဝန် ကျေအောင်နေနော်...ပြန်လာရင် လက်ဆောင်ဝယ်ခဲ့မယ်..."
"ဟုတ်ပါပြီ..."
နိုနို ကို ကတိပေးလိုက်ပေမဲ့ သူသွားပြီး နေ့တစ်ဝက်မှာတင် ကိုတိုးေ၀ ပြန်ရောက်လာတော့ ထွေး စိတ်ထဲ ပျော်သလိုလို ပင် ဖြစ်သွားသည်..။
သုသု နဲ့ ပန်ပန် တို့ဆိုရင် အနားက မခွါပဲ ပူဆာ စရာတွေ တန်းစီ ရွတ်ပြတောင်းဆိုနေတော့သည်..။
အန်တီဝါက အိမ်ကို ကောင်မလေး တစ်ယောက် ခေါ်လာပြီး အိမ်စောင့်ထားကာ တစ်မိသားစုလုံး ရုပ်ရှင်သွားကြည့်ကြသည်..။
"မမထွေး..ပျော်လား.."
"အင်း...ပျော်ပါတယ်..ကလေးရဲ့..."
DU LIEST GERADE
ခွင့်ပြုပါ (Unicode)
Romantik" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"