ခွင့်ပြုပါ
အပိုင်း(၂၂)
#ခွင့်ပြုပါ
08-11-47-05-43
"ဟော...ခုပဲ တွေးနေတာ..."
"ထွေး ကို သတိရနေတာလား...မေမေ.."
အိမ်ပေါ်တက်သွား၍ လက်ထဲ က ဆွဲခြင်းကို ခုံ အနားမှာ ချလိုက်ကာ မေမေ့ အနားမှာ ခြေပစ်လက်ပစ်ကို ထိုင်ချလိုက်ရသည်..။
"ပိတ်ရက်ဆိုတော့....ပြန်လာမလားလို့ တွေးမိတာပါ.....ဟဲ့...ဘယ်မှာလဲ...ဟိုကလေး.."
"ဘယ်ကလေးတုန်း..."
"ဟော...နိုနိုလေ....ခေါ်မလာဘူးလား.."
"ထားခဲ့လိုက်တယ်..."
ဒီလောက် အဖြစ်သည်းလွန်းတဲ့ မေမေ ကို တမင်တကာ ပြောလိုက်တော့ မေမေ က စိုးရိမ်ပူပန်တဲ့ မျက်နှာဖြင့်..ထွေး ပခုံးကို ဖွဖွ ရိုက်သည်..။
"အိုး...တစ်ယောက်တည်း ထားခဲ့တာလား...မိရီရီထွေး..."
"ယောက်ျားလေးပဲကိုး..."
"နင် ဟာလေ....နည်းနည်း...မှ..."
"ကျွန်တော် ပါ တယ် မေမေ..."
"သြော်...အေး...လာ....သား...တက်လေ...."
နောက်မှာ အထုတ်တွေ နဲ့ အိမ်ပေါ်တက်လာတဲ့ သူ့သားအရင်းကို တွေ့တော့မှ မေမေ့ မျက်နှာက ပြုံးတော်မူတော့သည်..။
"ဖေဖေ ကော မေမေ..."
"လက်ဖက်ရည်ဆိုင်သွားတယ်...ခု ပြန်လာလိမ့်မယ်..ဟော..ပြောရင်း လာပြီ.."
ခြံဝန်းထဲကို ဆိုင်ကယ်ဝင်လာတော့ မေမေ က လှမ်းကြည့်ကာ မေးငေါ့ပြသည်..။
ထွေး အနားမှာ နိုနို ဝင်ထိုင်တော့ ခြေထောက်ကို ပြင်လိုက်ရသည်..။
ခပ်ဝေးဝေး သွားထိုင်ပါလား..။
အနားကပ်ထိုင်တော့ မေမေ တို့ ရှေ့မှာ အနေအစား ခက်တော့မည်..။
"ဟော...သမီး ရောက်နေတာလား..."
"ဟုတ်တယ်...ဖေဖေ...နေကောင်းရဲ့လား.."
"ကောင်းပါတယ်ကွ...ဟော..ပြည့်စုံ လည်း ပါတာကိုး..."
"ဟုတ်ကဲ့..."
ESTÁS LEYENDO
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"