ခွင့်ပြုပါ
အပိုင်း(၃၃)
#ခွင့်ပြုပါ
10-27-02-54
"ဆရာမ..."
"ဟင်..."
"အင့်...."
"ဘာတွေလဲ..."
"ဈေးဝယ်သွားတာလေ....မုန့်ဝယ်ခဲ့တယ်..."
ထွေး စားပွဲ ပေါ် ကို ကလေးစားတဲ့ သရေစာ မုန့်ထုတ်တွေ လာပုံပေးတော့ နားမလည်စွာဖြင့် မော့ကြည့်မိသည်..။
"အိုး...ဟား..ဟား....အားကျလိုက်တာအေ...."
မဆွေရဲ့ ရယ်သံ ကြားလိုက်တော့မှ ထွေး သဘော ပေါက်တော့သည်..။
ပတ်ဝန်းကျင်ရဲ့အမြင်မှာ ဂရုစိုက်ပြနေတာပါလေ..။
ထွေး ပြုံးပြီး ခေါင်းညိတ်လိုက်ကာ သူယူလာတဲ့ မုန့်ထုတ်လေးတွေ ထဲက တစ်ထုတ်ကို ကိုက်ဖောက်လိုက်ရသည်..။
"ဈေးဝယ်သွားတာ...မပြောဘူး...ဆရာကလဲ.."
"နေပူလို့ပါ...."
ထွေး ဘက်က တောင်းဆို မှု က သူက သိတက်မှုဖြင့် ဟန်ဆောင်လိုက်တော့ရင်ထဲ မောရသည်..။
ဈေးဝယ် အတူတူ မသွားတာလည်း ကြာပြီ..။
အရင်က ထွေး သွားရင် အတူတူ လိုက်ပေးပေမဲ့ နောက်ပိုင်း မဆွေ တို့ ဈေးသွားဝယ်တိုင်း လိုက်သွားခိုင်းသည်..။
သူ ဝယ်စရာ ရှိရင်လည်း တစ်ယောက်တည်း သွားဝယ်တက်သည်..။
အရင်လို မျိုး ပန်းပွင့်လေး တွေ ခြင်းထောင်းထဲ ထည့်ပေးတက်တဲ့ အကျင့်လေးတောင် ပျောက်သွားပြီလေ..။
သူ့ဆီက ဂရုစိုက်မှု ကို ပတ်ဝန်းကျင်ကြောင့် တောင်းဆိုတာ မဟုတ်ပါဘူး..။
ပတ်ဝန်းကျင် ကို အကြောင်းပြပြီး တောင့်တ မိတာကို သူတော့ သိမယ် မထင်..။
"ဆရာ့ကို အိမ်က ဖုန်းဆက်သေးလား.."
"မဆက်ပါဘူး.."
"ထွေး ကို ဆက်တယ်..."
"ဘာဖြစ်ပြန်ပြီလဲ..."
"ဘာမှ မဖြစ်ပါဘူး...ဒီတိုင်း ဆက်တာပါ..."
"သြော်...အင်း...ဆရာမ လေးတန်း အရင်ဝင်လိုက်လေ....ကျွန်တော် သွားပြီ..."
ESTÁS LEYENDO
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"