Part 11

1.5K 93 1
                                    



ခွင့်ပြုပါ

အပိုင်း(၁၁)

#ခွင့်ပြုပါ

"ဒီမြို့နယ်ပဲ ပြန်ကျမှာပါ.."

"ဟုတ်ကဲ့..."

"ဆရာမကြီးလည်း ကျေးဇူးတင်ပါတယ်..."

"ထွေးကို အခုလို အခွင့်အရေး ပေးလို့လည်း ဆရာမကြီးကို ပိုကျေးဇူးတင်ရပါတယ်..ကျန်းမာရေး ဂရုစိုက်ပါနော်..."

"အင်း..သွားရာလမ်းခရီး ခလုတ်မထိ ဆူးမငြိပါစေနဲ့.."

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင့်.."

ထွေး နှစ်လ နီးပါ း စာသင်ခဲ့တဲ့ စာသင်ကျောင်းလေး ကို တစ်ချက်ငေးကာ စိတ်မကောင်းဖြစ်လာပြန်သည်..။

အို....ပြန်လာရင် အမြဲနေလို့ရပါပြီလေ..။

ကျောင်းခန်း ကို ပြန်သွားရင် ကလေး တွေနဲ့ တွေ့ပြီး စိတ်မကောင်းဖြစ်လာမှာစိုးလို့ ဆရာမကြီး အိမ်ကပဲ လှည့်ပြန်ခဲ့ရသည်.။

ရွာလမ်း အတိုင်း ဆိုင်ကယ်မောင်းလာချိန် ကုန်စုံဆိုင်က ဆိုင်ကယ်ကို တားတော့သည်..။

"ဘာဖြစ်လို့လည်း...ဒေါ်လေး..."

"ရန်ကုန်က ဖုန်းခေါ်တယ်ကွဲ့...ပြန်ဆက်ပါတဲ့.."

"သြော်..ဟုတ်ကဲ့.."

ထွေး ဆိုင်ကယ်နေရာချခဲ့ပြီး ဖုန်းကို ကောက်ကိုင်ကာ အလွတ်ရနေတဲ့ ဖုန်းနံပါတ်တွေကို နှိပ်မိသည်..။

"ဟလို..."

"ဟလို..အန်တီဝါ၀ါ နဲ့ ပြောချင်လို့ပါ..."

"ဘယ်သူလဲဟင်.."

အိမ်မှာ အဖော်ထားတဲ့ ကောင်မလေး များလားလို့ တွေးရင်း ....

"ရီရီထွေး လို့ ပြောပေးပါ.."

"အိုး...မမထွေးလား.."

"......."

ပန်ပန် ဆိုတာ သိလိုက်တော့ ထွေး ပြုံးမိသည်...။

အနေဝေးသွားတာ သိပ်မကြာသေးပေမဲ့ သူတို့ အသံလေးတွေတောင် ပြောင်းနေသလိုပါပဲ...။

"မီးပါ.."

"အင်း..နေကောင်းလား...ကလေး.."

"ဟုတ်..."

ခွင့်ပြုပါ (Unicode)Where stories live. Discover now