Part 18

1.5K 77 3
                                    


ခွင့်ပြုပါ

အပိုင်း(၁၈)

#ခွင့်ပြုပါ

"မေမေ ရောက်တာ ကြာပြီလား..."

"မကြာသေးပါဘူး..သားရယ်....."

"ဖေဖေကော.."

"နောက်မှာလေ...."

"လာ...အဖေ.....ကျွန်တော့်ကားက နောက်ဘက်မှာ ရပ်ထားတယ်...."

နိုနို မွေးနေ့ ပြီးသွားပေမဲ့ မွေးနေ့ပွဲနဲ့  ဆိုင်သစ်ဖွင့်ပွဲ တွဲလုပ်မှာမို့ မေမေ နဲ့ ဖေဖေ ကလည်း အတူတူ ရောက်လာကြသည်.။

အထွေးကတော့ အနားနီးရင် ရောက်လာမှာပါ..။

သူ ရှိရမဲ့ ပွဲပဲလေ..။

နိုနို တစ်ချက်ပြုံးရင်း အထုတ်အပိုးတွေ ဆွဲထားရပေမဲ့ လူက ပေါ့ပါး မြောက်ကြွနေသည်..။

မိန်းမ ရတော့မယ် ဆိုတဲ့ အသိက ဒီလောက် ပျော်စရာ ကောင်းလား..။

ကားမောင်းရင်း မေမေ ပြောသမျှ ကို နားထောင်နေရပေမဲ့ နိုနို စိတ်ထဲ အထွေးသာ ရှိသည်..။

ဂါဝန် အဖြူရှည်လေးနဲ့ လှချင်တိုင်း လှနေမဲ့ အထွေးကို မြင်ယောင်ကာ ပိုချစ်ချင်လာသည်..။

ငယ်ငယ်ကတည်းက အတာ နဲ့ စကားပြောရင်တောင် သဝန်တိုခဲ့ရတာလေ...။

"နိုနို အိပ်ပျော်နေတာကို တွေ့ပြီး ရင်ခုန်ရသေးတယ်.....သူ့ နှုတ်ခမ်းတွေက တစ်ချိန်တုန်းက ချစ်ရသူရဲ့ နှုတ်ခမ်းတွေနဲ့ အရမ်းတူတာပဲ...အချစ်ဦးမို့ မမေ့နိုင် ဆိုတာ တကယ် ထင်ပါရဲ့..."

"သူ နဲ့ ပထမဆုံး အကြိမ်ပြန်တွေ့တယ်...စကားမပြော ရဲ လို့ ရှောင်ဖယ် ခဲ့ရပေမဲ့...အိမ်ထောင်ရှိတယ် ဆိုတာလည်း သိပါရဲ့နဲ့ ရင်တွေခုန်မိသေးတယ်...ကိုယ့်ကိုယ်ကို သတိပေးနေရတယ်...သိက္ခာထိခိုက်မဲ့ နှလုံးသား ဆန္ဒကို မလိုက်လျော နိုင်ဘူး..."

ကားမောင်းနေရင်း ဒိုင်ယာရီထဲက အထွေး ရဲ့ ခံစားချက်တွေကို သတိရတော့ လူက အားလျော့ကာ စိတ်ဓာတ်လည်း ကျသည်..။

တွေးစရာတွေလည်း များကုန်သည်..။

လက်မထပ်ချင်လို့ ချစ်တယ် လွယ်လွယ်ပြောလိုက်တာလည်း သိပါသည်..။

ခွင့်ပြုပါ (Unicode)Onde histórias criam vida. Descubra agora