ခွင့်ပြုပါ
အပိုင်း (၈)
#ခွင့်ပြုပါ
"စိုးစိုးရေ..."
".........."
"ဟာ...ဘယ်ရောက်နေပြန်ပြီလဲ...."
ဘောင်းဘီတိုနဲ့ ကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြင့် မီးဖိုခန်းထဲ ဝင်လာတော့ ထွေး လက်ထဲက အဝတ်ကို ချကာ သူ့နောက်ကို ကပျာကယာ လိုက်သွားရသည်..။
"ဘာဖြစ်လို့လဲ နိုနို..."
"စိုးစိုး ကို ခေါ်နေတာ.."
"အေးလေ...သူမှ မရှိတာ....ဘာခိုင်းစရာ ရှိလို့လဲ..."
"ကျစ်..."
မျက်နှာ စူုပုတ်ပုတ် ဖြင့် မီးဖိုခန်းထဲက ထွက်သွားတော့ ထွေးသက်ပြင်းချရင်း ကျန်ခဲ့ရသည်..။
"ဘာတဲ့လဲ."
"မပြောဘူး...အရီးလေး...ထွေးကို စိတ်ဆိုးနေတုန်းပဲ..."
"ဘာဖြစ်လို့ စိတ်ဆိုးတာတုန်း.."
အရီးလေး အခန်းထဲကို ပြန်ရောက်သွားတော့ စိတ်ဆိုးနေတဲ့ အကြောင်း တစ်ခါတည်း ပြောပြလိုက်သည်..။
"အင်း...ဒီကောင်လေးက သိပ်အမှတ်ကြီးတယ်..."
"ထွေးကလည်း မှားတာပါ...အရီးလေးရယ်....အရီးလေး နေကောင်းရင် ထွေး အိမ်ပြန်ချင်ပြီ..."
"အိုး..."
"ဖေဖေ့ တို့ကိုလည်း လွမ်းတယ်.."
"အေးလေ....ညည်း က ကျုပ် သမီး မဟုတ်လေတော့.."
"အရီးလေး က ထွေး အမေ တစ်ယောက်လိုပါပဲ..."
"ဒီကောင်လေး တစ်ခုခု ပြောရင် ငါ့ကို တိုင်နော်...ဒင်းက လွယ်တာ မဟုတ်ဘူး..လူတကါကို အမျိုးမျိုး ဒုက္ခပေးတဲ့ဟာလေး..."
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"