ခွင့်ပြုပါ
အပိုင်း (၂၇)
#ခွင့်ပြုပါ
10-11-01-28-05-20
"ဆရာတို့...ဘယ်လဲဗျ..."
"ဈေးဆိုင်..."
နိုနို နဲ့ အထွေး စက်ဘီးထုတ်ပြီး အတူတူ လျှောက်နေချိန် ဆရာဗညား တစ်ယောက် ပုဆိုးတိုတို ဖြင့် ခေါင်းကုတ်ရင်း အနားရောက်လာသည်..။
ဒီလူ့ကိုလည်း သိပ်ကြည့်ရတာမဟုတ်...။
နိုနို ခပ်ပြတ်ပြတ် ပင် ပြောလိုက်ပေမဲ့ ခေါင်းညိတ်ပြီး ရယ်ကြဲကြဲဖြင့်..
"...ကျွန်တော်လည်း လိုက်ချင်လို့..."
"စက်ဘီးက တစ်စီးတည်း ရှိတာ..."
"ကျွန်တော် လိုအပ်တာလေး ဝယ်ချင်တာ..ဆရာမ အထွေးကော အရေးကြီးလား..."
"ဟင်...ဟို...မကြီးပါဘူး..."
အထွေး ဘက်ကို လှည့်ကြည့်ပြီး မေးတော့ အားနာတက်သော ဆရာမ က ခေါင်းကိုသာ ခါရမ်းပြတော့သည်..။
"ကြီးတာပေါ့...ထမင်းဟင်း ချက်ဖို့ အတွက် သွားဝယ်ရမှာလေ..."
"ဒါဆို...ဆရာပြည့်စုံက..ဘာဝယ်မှာလဲ..."
"ဟို...ဒီတိုင်း...စက်ဘီး.."
"ဟာ..ဒါဆို အဆင်ပြေတာပေါ့...ဒီနေ့တော့ ကျွန်တော် လိုက်ပို့ပေးလိုက်မယ်လေ...ပေး...ပေး..."
"အမ်..."
နိုနို လက်ထဲက စက်ဘီး ကို ဆွဲယူပြီး ခွတက်လိုက်တော့ ကြောင်တောင်တောင် ဖြင့် ပေးလိုက်မိသည်..။
"လာတက်.."
"ဟင်..."
"သွားမယ်လေ..ဆရာမရယ်... အညာသားနော်... စက်ဘီးနဲ့ ဘုရားပတ်ဖူးလာတဲ့ကောင်...တက်စမ်းပါ ဆရာမရဲ့..."
နိုနို ကို တစ်ချက်လှမ်းကြည့်တော့ မျက်လုံးပြူးပြကာ ခေါင်းကို ခပ်မြန်မြန် ခါရမ်းပြလိုက်သည်..။
"ဟို...ဆရာတို့ နှစ်ယောက်ပဲ သွားလိုက်ပါ...ထွေး ဝယ်ရမှာတွေ ကို ဆရာပြည့်စုံ အသိသားပဲ...နော်...ဆရာ..."
"ရတာပဲ...ကိုယ့်လူ....တက်ဗျ....ကျုပ်နင်းမယ်.."
"ကြက်သွန် နဲ့ ဆီ ရယ်...ဆရာ စားချင်တာသာဝယ်ခဲ့လိုက်တော့နော်.."
YOU ARE READING
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"