ခွင့်ပြုပါ
အပိုင်း(၉)
#ခွင့်ပြုပါ
"စိုးစိုးရေ...ဖျော်ရည်ယူလာ..."
နိုနို ဂိမ်းဆော့နေတုန်း မာမီ ပြန်ရောက်လာပြီး အခန်းထဲကို ဝင်သွားသည်..။
အခုလို အလုပ်ချိန်မှာ ပြန်လာတာ ဘာဖြစ်လို့ပါလိမ့်...။
နိုနို ဂိမ်း တစ်ပွဲ ပြီးအောင်ဆော့ပြီး မာမီ့ အခန်း အနားကို ယောင်လည်လည် ရောက်သွားသည်..။
အခန်းတံခါး ပိတ်ထားပေမဲ့ အခန်းထဲက စကားသံတွေ ကြားနေရသည်..။
ဖုန်းပြောနေတာ ဖြစ်မှာပေါ့..။
နိုနို ပြန်လှည့်ထွက်ကာနီးမှ ငိုသံလိုလို ကြားရသည်..။
တံခါးမှာ နားကပ်ထောင်လိုက်တော့ မာမီ့ ရဲ့ ငိုသံ ဖြစ်နေသည်..။
"နင် က တကယ် မကောင်းတဲ့ ကောင် ပဲ တိုးတိုး....ငါ့ ပတ်ဝန်းကျင်မှာ ငါ ဘယ်လို ရှင်သန်ရမလဲ....မသိဘူး...မပြောနဲ့ မကြားချင်ဘူး..."
"........."
"အို....အို...မကြားချင်ဘူး...ဘာမှ ထပ်မပြောနဲ့...နင် ...ငါ့ ပတ်ဝန်းကျင်ကို လုံး၀ မလာပါနဲ့..."
".........."
စကားပြောသံ မကြားရတော့ပေမဲ့ ငိုရှိုက်သံ ပိုထွက်လာတော့ နိုနို စိတ်ပူလာသည်..။
"မာမီ..."
"..........."
"ကျွန်တော် ဝင်ခဲ့မယ်...."
အသိပေးပြီး တံခါးဖွင့်ကာ ဝင်သွားတော့ မာမီ က မှန်တင်ခုံရှေ့မှာ ထိုင်ပြီး မျက်ရည်တွေ ကပျာကယာ သုတ်ပစ်နေသည်..။
"ဘာဖြစ်လို့လဲ..မာမီ..."
"အင့်...မာမီ မှားတယ်....သား စကားကို အလေးမထားခဲ့ဘူး....ထွေးကလည်း ပြန်ကာနီး သတိပေးသွားတယ်...မာမီ စုံစမ်းမယ် လို့ တွေးထားတုန်းမှာပဲ....မာမီ အရှက်ခွဲခံလိုက်ရတယ်..."
ESTÁS LEYENDO
ခွင့်ပြုပါ (Unicode)
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"