"သား...၀မ့်ကျီးဘယ်သွားမလို့လဲ"
ငိုယိုကာအခန်းထဲမှပြေးထွက်နေသော
မင်းသားလေးလန့်ဝမ့်ကျီးကြောင့်
မိဖုရားခေါင်ကြီး ဆွဲကာတားနေရသည်။"သားကိုလွှတ်။မြွေကြီးလိုက်နေတယ်။
သားကြောက်တယ်"အဖျားဝင်သည်နှင့်လန်ဝမ့်ကျီးလေးအမြဲပြောနေကျစကား။
ပယောဂဟုနန်းတွင်းဆေးဆရာများကပြောကြသော်လည်း
မည်သူမျှပျောက်အောင်မကုနိုင်ကြ။"သားတော်...မယ်မယ်ရှိတယ်။မြွေကြီးမရှိတော့ဘူး"
"ဟင့်အင်း.!မြွေကြီးသားကိုကြည့်နေတယ်"
တံခါးပေါက်ကိုလက်ညိုးတစ်ထိုးထိုးးနှင့်အော်နေသော
ဝမ်ကျီးလေးကြောင့်မယ်မယ်လည်း
တံခါးမကြီးဆီအကြည့်ရောက်သွားသည်။"ပင်လယ်ဆောင်မိဖုရား!!!"
ပင်လယ်ဆောင်မိဖုရားကမင်းကြီး
နောက်ဆုံးတော်ကောက်ခဲ့သည့်
မိဖုရားငယ်။
ချောမောလှပမှုကြောင့် မင်းကြီး၏အရေးပေးမှုကို
အရဆုံးသူလေး။မိဖုရားခေါင်ကြီးတစ်ယောက်သာ
သူမအပေါ်သဘောထားကြီးပေးလို့
အစ်မတစ်ယောက်လိုချစ်ရှာသည်။သူမက၀မ့်ကျီးလေး နေမကောင်းတိုင်းလာကြည့်
တတ်ပေမဲ့ဘယ်တော့မှ
အနားမကပ်ခဲ့ရ။
သူမအားမြွေကြီး ဟုအော်နေသော
ဝမ့်ကျီးလေးကြောင့်
တံခါးပေါက်မှချည်း
လှည့်ပြန်နေခဲ့ရသည်။"မိဖုရားငယ်...ခဏ"
အော်ရလွန်းပြီးမော၍အိပ်ပျော်သွားသော
ဝမ့်ကျီးလေးအား သိပ်ကာ
လှည့်ထွက်ရန်ပြင်နေသော
မိဖုရားငယ်အား
လှမ်းတားလိုက်သည်။မိဖုရားငယ်လည်းမိဖုရားကြီးအမိန့်အတိုင်းနေရာ၌
ခေါင်းလေးငုံ့ကာရပ်နေသည်။"မိဖုရားငယ်!မယ်မယ်ကိုတစ်ခုခုဖုံးကွယ်ထားတယ်မလား"

YOU ARE READING
The King's Lover{Completed}
Romanceမင်းကြီးကျွန်တော့်ကိုမရှာခဲ့ပါဘူး...... မယုံကြည်ရဲပေမဲ့.............. မင်းကြီးပေးတဲ့ဆွေပြန့်ဓားလေးရယ် မင်းကြီးမွေးထားတဲ့ ယုန်လေးတွေရယ် ပိုင်ရှင်ဝေးနေတဲ့နှလုံးသားလေးရယ်က မင်းကြီးကိုစောင့်နေခဲ့တာ....။ ဝေ့၀ူရှန့်😘😘