Part 24

9.3K 984 42
                                    

"အရှင့်သား...နန်းတော်ပြန်ရအောင်လေ..!"

ရောက်ထဲ က မြက်ခင်းကြီးပေါ်မှာ
ဆန့်ဆန့်ကြီး
အိပ်နေသည့် ၀မ်မင်းသားကို
ဝေ့ရင်း ကြောက်ကြောက် လန့်လန့်နှင့်
နိုးကြည့်သည်။

ကိုယ်တော်က လှုပ်ပင်မလှုပ်ပေ။

"အရှင့်သား။နေစောင်းတော့မှာပါ။
ကျွန်တော်မျိုးတို့ နန်းတော် ရောက်မှ
ဖြစ်မယ်။ခဏနေ မြို့တံခါးလည်း
ပိတ်တော့မှာ...!"

တွန့်ကွေးရုံ ပြုံးနေသည့်
သူ့နှုတ်ခမ်းတွေကြောင့်
နှိုးနေပြီမှန်းဝေ့ရင်းသိလိုက်သည်။

ဝေ့ရင်း ဘာမှမပြောတော့ ဘဲ
ဝတ်ရုံစကိုမကာ

"အရှင့်သား ဆက်အိပ်နေမယ်ဆို
ကျွန်တော်မျိုး သွားပါတော့မယ်..!"

ထဖို့ပြင်နေသော ဝေ့ရင်း လက်လေးကို
ရှန်းဖန် လှမ်းဆွဲလိုက်တော့
ရင်ခွင်ထဲ အပုံလိုက်ကျလာသည့်ကိုယ်လေး။

ရုန်းဖို့ပင်နေသည့်လက်ကလေးတွေကိုပါ
သိမ်းဖက်လိုက်ပြီး

"မင်းကိုယ်လေးကနွေးတယ်..!"

ဝေ့ရင်းရဲ့ အသက်ရူသံလေးတွေက
သူ့ နားသယ်စပ်ကို လာပြီး
ကလိနေသည်။

"အရှင့်သား လွှတ်ပါ....!"

ပြောခါမှ ပိုတင်းကျပ်သွားသော
လက်တွေနဲ့အတူ ဝေ့ရင်းကိုယ်လေးကလည်း
ရှန်းဖန်ရင်ဘတ်ထဲ လုံးဝမြုပ်နေသည်။

"ငါချမ်းနေတယ်။မင်းဒီတိုင်းနေပေး..!"

"အရှင့်သား..လွှတ်ပါ။
သူများမြင်ရင် မသင့်တော်ဘူး..!"

"အဲ့တာ ဘာဖြစ်နေကြတာလဲ...!"

စူးရှသော အသံတစ်ခုကြောင့်
ဝေ့ရင်းရော ရှန်းဖန်ပါ အလိုလို
ခွာပြီးသားဖြစ်သွားသည်။

"မယ်မယ်...!"

ရှန်းဖန်ထံမှ စကားကြောင့်
ဝေ့ရင်းအကြောင်ကြောင်အနနနှင့်
ဦးညွှတ်မိသည်။

"မင်းတို့ ကဘာတွေလဲ...!"

မယ်မယ်စကားက အစမရှိ
အဆုံးမရှိမို့ ဝေ့ရင်း
ကြောင်အနေစဉ်

"ချစ်သူတွေပါ...!"

ရှန်းဖန်စကားကြောင့်
ဝေ့ရင်းမျက်လုံးအစုံပြူးကျယ်ကာ

The King's Lover{Completed}Donde viven las historias. Descúbrelo ahora