Part 18

9.5K 1K 76
                                    

"ဟို...တစ်စိတ်လောက်!မင်းသားငယ်ရဲ့
အဆောင်ကို ဘယ်လိုသွားရမလဲဟင်..!"

သွားသာသွားနေပေမဲ့ တစ်ခါမှမရောက်ဖူးတာကြောင့်
ဝေ့ရင်း တွေ့တဲ့လူကိုမေးလိုက်သည်။

"ရှေ့ ကအဆောင်လေ။ဒါနဲ့မင်းက..!"

"ကျွန်တော်သန့်ရှင်းရေးသွားလုပ်မို့ပါ..!"

"Awwအဲ့တာဆို သွားလိုက်လေ။
မင်းခေါင်းဆောင်က မင်းကို
လုပ်သင့် မလုပ်သင့်တေ ပြောပြလိုက်တယ်မလား..!"

ဝေ့ရင်း ခေါင်းငြိမ့်ပြတော့ ထိုသူက
ပြုံးပြပြီးထွက်သွားသည်။

ရှေ့က အဆောင်ကို ကြည့်ရင်း
ဝေ့ရင်းသက်ပြင်းချမိသည်။

အဆောင်ထဲ လှမ်းဝင်လိုက်ချိန်
နောက်မှ လူတစ်ယောက် ဆွဲလှည့်ခြင်း
ခံလိုက်ရသည်။

"မင်းဘယ်သူလဲ...!"

ထိုသူ၏မျက်လုံးများမှာ  စူးရှလွန်းနေသဖြင့်
ဝေ့ရင်း လန့်ပင် လန့်သွားရသည်။

"ဟို....ကျွန်တော် မင်းသားလေး...!"

"မင်းမရှင်းနဲ့...!"

"ဗျာ..!"

"မင်းမရှင်းနဲ့လို့။ငါပြောတာမကြားဘူးလား..!"

"ဟို...အလုပ်အကျွေးခေါင်းဆောင်က ရှင်းခိုင်း..!"

"ကျစ်..!"

ဝေ့ရင်းအထွန့်တတ်နေသဖြင့် ထိုသူက
စိတ်မရှည်ဟန် စုတ်သက်လိုက်ပြီး

"ငါဘယ်သူလဲ သိလား။
ငါက စစ်သူကြီးပဲ ။
မင်းရဲ့ ခေါင်းဆောင်ထက် အများကြီး
အာဏာကြီးတယ်..!"

ထိုသူ၏ပြောစကားများကို ဝေ့ရင်းသဘောမကျ။
အာဏာကို အသုံးပြုနေသည့်
သူ့ကို ဝေ့ရင်း ပြန်လှန်ပြောချင်စိတ်များ
တဖွားဖွားဖြစ်နေသည်။

အပြင်မှာတော့ ခံစားချက်ကို
ချုပ်တီးထားနေရင်းက

"အာဏာကို အသုံးမပြုပါနဲ့။
မကြိုက်ဘူး...!"

လွှတ်ခနဲ ပါးစပ်ကထွက်သွားပြီး
ထိုသူရှေ့မှ ဝေ့ရင်းထွက်လာခဲ့သည်။

လမ်းတစ်လျောက် စဉ်းစားမိတာက
သူ စစ်သူကြီးတစ်ယောက်ကို
ဘာလို့အဲ့လိုပြောရဲခဲ့တာလဲဆိုတာပင်။

The King's Lover{Completed}Tahanan ng mga kuwento. Tumuklas ngayon