Part 29

8.8K 977 50
                                    

နန်းတော်ထဲကို ခပ်သုတ်သုတ်လေးသွားနေသည့်ကောင်လေးကို
ဝမ့်ကျီး ပြုံးကာ နောက်ကနေ လှမ်းဟန့်လိုက်သည်။

ပြေးလဲ မပြေးရဲသဖြင့် ခပ်မြန်မြန်ခြေလှမ်းလေးတွေက
သူ့ကိုယ်သေးသေးလေးကို လှုပ်စိလှုပ်စိ ဖြစ်စေသဖြင့်
နောက်က ကြည့်နေရတဲ့သူရဲ့ အသဲထဲမှာ ကကျိကကျိနှင့်။

"ဘာလို့ အမြန်သွားနေတာလဲ...!"

နောက်ကနေ လက်သေးသေးလေးကို ဆွဲလှည့်လိုက်တော့
မျက်နှာနီနီလေးက ချက်ချင်းအောက်ငုံ့သွားသည်။

"ငါ့ကို စိတ်ပျက်သွားတာလား..!"

ဝမ့်ကျီးစကားကြောင့် မျက်လုံးပြူးလေးနဲ့
မော့ကြည့်လာတဲ့ ကောင်လေး။

ပုံစံလေးက မဟုတ်ပါဘူး ဆိုတဲ့ အဓိပ္ပါယ်။

"ဒါဆို အဖြေကိုစောင့်နေမယ်..!"

ဝေ့ရင်းခေါင်းလေးတွေ ငုံ့သွားကာ
မျက်လုံးလေး မှိတ်သွားသည်။

Hk....ရှက်နေတာလေးက ဆွဲနမ်းချင်စရာ။

"ပြောလေ....အဖြေပေးမှာလား...!"

ဝေ့ရင်း ခေါင်းလေးကို ဖြေးညှင်းစွာငြိမ့်ပြသည်။

ပျော်လိုက်တာဆိုတာလေ။

ဒီ အိနြေ္ဒသိက္ခာတွေသာ မရှိရင်
ထခုန်ပြီးနေပြီ။

"ကောင်းပြီလေ.....ငါစောင့်နေမယ်...
မင်းဆီးက အချစ်ကိုလည်း ငါရအောင်
ကြိုးစားမှာ..!"

ပြောပြီး ထွက်သွားတဲ့ ၀မ့်ကျီးတစ်ယောက်
ဝေ့ရင်းကွယ်ရာမှာ သွားစွယ်တန်းလေးတွေ
ပေါ်တဲ့ထိ ပြုံးနေခဲ့သည်တဲ့လေ။

ကျန်ခဲ့တဲ့ကောင်လေးကတော့ သူ့ရင်ဘတ်လေးကို
ခပ်ဖွဖွဖိထားရင်း

"ဒီ နှလုံးခုန်နေပုံနဲ့ဆို အဖြေမပေးခင်
သေမယ်နဲ့တူတယ်...!"

🐉🐉🐉

"ဝေ့ရင်း....!"

မျက်နှာကြီးတစ်ခုလုံးရဲစက်ကာ မဲ့ရူံ့နေသည့်
အလုပ်ကျွေးခေါင်းဆောင်ကြောင့်
ဝေ့ရင်း  သူ့အနားလေးအပြေးသွားရင်း

"ဟာ...ခေါင်းဆောင်..
နေမကောင်းဘူးလား...!"

"ဟုတ်တယ်ကွ...ညက အရက်ခိုးသောက်ပြီး
ငါအရက်နာ ကျနေတာ....
ရောဂါလဲ မဟုတ်တော့ ခွင့်လဲ မတောင်းရဲဘူး.!"

The King's Lover{Completed}Where stories live. Discover now