Part 31

8.9K 927 44
                                    

"မလုပ်...မလုပ်ပါနဲ့..!"

သူ့ရှေ့ကို ရွှေရောင်ကြိုးမျှင်လေး
ဆန့်တန်းကာ လာနေသည့်
အရိပ်မဲကြီးတစ်ခုကြောင့်
ဝေ့ရင်း အလန့်တကြား ထအော်မိသည်။

သူဘယ်လိုပင် နောက်ကို ထွက်ပြေးပါစေ
ထိုသူကြီးနှင့်ဝေးတယ်လို့ကို
မရှိလာ။

ရင်ဘတ်အစုံက မောဟိုက်ကာ
အသက်ရူကျပ်လာသည်။

"မလုပ်.....အားးးးးး!"

အသံကုန်ဟစ်ကာ အော်လိုက်တော့
သူ့မျက်လုံးအစုံက အလိုလို ပွင့်ပြီးသား။

"ဘာမှ မဖြစ်ဘူး.....ဘာမှမဖြစ်ဘူး...!"

သတိရလြိ့ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံး
ဝမ့်ကျီး လက်မောင်းများကြား
နစ်မြုပ်နေအောင် ဖက်ခံထားရပြီး
သူက ကျွန်တော့်ကျောလေးကို
ဖွဖွလေးပုတ်ကာ ချော့နေသည်။

ကြည့်ရတာ သူကျွန်တော့်ကို
နိုးနေတာ ကြာပြီထင်ပါ့။

"မကြောက်နဲ့နော်....ကို ရှိတယ်..!"

သူ ၀မ့်ကျီး ကိုယ်ထဲကနေ ခွာလိုက်တော့
သူ့ကို စိုးရိမ်တကြီးနှင့်ကြည့်ကာ

"ရော့..ရေသောက်လိုက်အုံး။
ကို မင်း ယောင်တည်းက နိုးနေတာ။
အိမ်မက်ဆိုးတွေ မက်နေတာလား..!"

ဝေ့ရင်း ခေါင်းလေးကို အသာငြိမ့်ပြလိုက်သည်။

"မကြောက်နဲ့နော် ...ကို မင်းဘေးမှာ
အိပ်ပေးမယ်..!"

ပြောပြီး ဘေးနားဝင်လှဲတဲ့ ၀မ့်ကျီးကို
ဝေ့ရင်း မတားမိပါ။

သူ့ရင်ခွင်ထဲရောက်ရင် လုံခြုံသလို
ခံစားနေရတယ်လေ။

ဝေ့ရင်း အိပ်ယာပေါ် အသာလေးလှဲချကာ
အိပ်မက်ဆိုးတွေ မေ့ဖျောက်ရင်း
အိမ်မက်သစ်ဆီသို့...!။

ဝမ့်ကျီး တစ်ယောက် အသက်ရူသံမျှင်းမျှင်းလေး
ထွက်လာတဲ့ အခါကြမှ နောက်ကကောင်လေးရဲ့
ခါးသေးသေးလေးကို ဆွဲဖက်ကာ
ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ ပစ်ထည့်ထားလိုက်သည်။

သူ ညစ်တာလားဆို ဟုတ်တယ်။
ဒီကောင်လေးကို သူအရမ်းချစ်နေပြီလေ။

🐉🐉🐉🐉

ဝမ့်ကျီးတစ်ယောက်ဝေ့ရင်းလက်လေးကို ဆွဲကာ
တစ်နေရာကို ခေါ်သွားသည်။

The King's Lover{Completed}Where stories live. Discover now