Part 38

9.5K 946 41
                                    

ဝူရှန့် လက်ထဲက ၀တ်ရုံစလေးကို
တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။

မင်းကြီးပြောတာတွေလည်း သူကြားတစ်ချက် မကြားတစ်ချက်။

တကယ်ပဲအော်ပြောလိုက်ချင်ပြီ။

အရှင်ကျေကျေနပ်နပ်ကြီး
လက်ဆက်ပေးဖို့ လုပ်နေတဲ့
သူက ခမည်းတော်သား
ဝူရှန့်ပါဆိုပြီး။

ဒါပေမဲ့ ......

အဲ့စကားပြီးရင်တော့
ဝိုင်းလာမဲ့ လက်ညိုးတွေနဲ့အတူ
ခမည်းတော်နဲ့ကောရဲ့ သိက္ခာတွေ။

ပြီးတော့ သူနဲ့ကောနဲ့ကြားက
ပတ်သတ်မှု။

"သား....ဝေ့ရင်း...
ဘာတွေတွေးနေတာလဲ...!"

"မ...မဟုတ်ပါဘူး အရှင်...!"

"ခမည်းတော်လို့ခေါ်ပါ....!"

ဝူရှန့် ခမည်းတော်မျက်နှာကို
ဖြည်းဖြည်းချင်းမော့ကြည့်မိသည်။

အရင်လို တည်ငြိမ်မှုတွေနဲ့အတူ
ခန့်ညားမှုတွေ။

မယ်တော်နဲ့သာ .....။

ဝူရှန့်လည်း အတူတူနေချင်မိတယ်။

မယ်တော်အသက်ရှင်နေတာလည်းသိတယ်။
ခမည်းတော်လည်း အနားမှာရှိနေတယ်..!။

ဘာလို့ ချစ်တဲ့လူတွေနဲ့
အမြဲခွဲစေတာလဲ ဘုရားရှင်ရယ်။

နောက်ဆိုဝူရှန့် ဘယ်သူ့ကိုမှ
ချစ်ရဲမှာ မဟုတ်ဘူး။

"ဘာလို့ငိုတာလဲ..!"

မသိလိုက်တဲ့အချိန်လေးမှာပဲ
ပါးပြင်ပေါ်စီးကျသွားတဲ့
အရည်လဲ့လဲ့လေးတွေကို
ခမည်းတော်က လက်တွေနဲ့ဖယ်ရှားရင်း

"ဘာမှစိတ်မပူနဲ့။
ခမည်းတော်က သဘောတူတယ်။
မင်းတို့ အချင်းချင်း ချစ်ရင်
ပြီးတာပဲဟာ။
မယ်မယ်ကြီးကိုက စိတ်မပူုနဲ့။
ခမည်းတော် ချော့လိုက်မယ်..!"

ဝူရှန့် အနောက်မှာ မျက်နှာထားခပ်တင်းတင်းနဲ့သူ။

*ကော အဲ့လိုကြည့်တာ
ကျွန်တော်နားလည်တယ်။

ကောက စိတ်တိုဖို့ပဲသိတယ်။
ဘာမှမသိဘူး။*

အဲ့လိုအော်ပြောပြီး ကောရဲ့ရင်ဘတ်ထဲ
ငိုပြစ်ချင်တာ။

The King's Lover{Completed}Dove le storie prendono vita. Scoprilo ora