"မင်းသက်သာလား..!"
"ဟုတ်..သက်သာပါပြီ..!"
မေးတစ်ခွန်းဖြေတစ်ခွန်းနဲ့
တိတ်ဆိတ်သွားသောသူတို့နှစ်ယောက်ကြား
လေထုက အေးစက်သည်ထက်ပိုနေခဲ့သည်။တကယ်ဆို ဝေ့ရင်း သူ့နားမှာ မနေချင်ပါ။
မျက်နှာကိုတည်ထားတဲ့ လူတစ်ယောက်က
စိတ်ဆိုးနေလားပျော်နေလား
သူမှမသိပဲ။ပြီးတော့ သူကသာမာန် အရပ်သားလဲမဟုတ်။
သူနေတဲ့နိုင်ငံက အရှင်သခင်လောင်း။
စကားပြောမှားသွားတာနဲ့ သူ့လက်ထဲက
ပီချန်က ခုန်ထွက်လာပြီးသားပဲ။"မင်းဘာတွေတွေးနေတာလဲ..!"
"ဘာ...ဘာမှမတွေးပါဘူး အရှင့်သား...!"
ဝေ့ရင်းပြုံးပြီ လိမ်လိုက်မိသည်နှင့်
ကို့ဘ၀ကိုပြန်တွေးရင်း
ကျောယားမိသည်။"အရှင့်သား....ဘယ်သွားနေတာပါလဲ..!"
"လိုက်ခဲ့....!"
ပြောပြီး လှမ်းနေသည့်သူ့ခြေလှမ်းတွေက
မြင်းဇောင်းတန်းဆီ။မြင်းဖြူလေးတစ်ကောင်ကိုဆွဲထုတ်ပြီး
သူ့ကိုတစ်ချက်လှမ်းကြည့်သည့်
ဝမ့်ကျီးကြောင့် ဝေ့ရင်းနှလုံးခုန်ပင်ရပ်သွားသည်။မြတ်စွာဘုရားရှင်!၀မ်မင်းသားလို
အတူတူ စီးခိုင်းမှာတော့ မဟုတ်ပါဘူးနော်။"မြင်းတစ်ကောင်ရွေးလိုက်....!"
အခုမှ ဝေ့ရင်းလည်းသက်ပြင်းချကာ
မြင်းညိုလေးတစ်ကောင်ကို
ဆွဲထုတ်လာခဲ့သည်။"သွားမယ်..!"
မြင်းပေါ်လွှားကနဲတတ်ပြီးထွက်သွားတဲ့
ဝမ့်ကျီးကိုဝေ့ရင်း ကြောင်ပြီးသာရပ်ကြည့်နေမိသည်။ဝေ့ရင်းမြင်းဇာတ်ကြိုးလေးကိုဆွဲပြီးသာ
လမ်းလျှောက်သွားလိုက်သည်။သူမြင်းပေါ်မှ မတတ်တတ်တာ။
မြင်းကြီးကပဲ မြင့်လွန်းနေတာလား။
သူ့အရပ်ကပဲ ပုနေတာလားမသိ။နန်းတော် တံခါးဝရောက်ခါနီးတော့
မြင်းကြီးဒုန်းစိုင်း ပြန်ဝင်လာသည့်ဝမ့်ကျီး။
![](https://img.wattpad.com/cover/202629578-288-k430263.jpg)
YOU ARE READING
The King's Lover{Completed}
Romanceမင်းကြီးကျွန်တော့်ကိုမရှာခဲ့ပါဘူး...... မယုံကြည်ရဲပေမဲ့.............. မင်းကြီးပေးတဲ့ဆွေပြန့်ဓားလေးရယ် မင်းကြီးမွေးထားတဲ့ ယုန်လေးတွေရယ် ပိုင်ရှင်ဝေးနေတဲ့နှလုံးသားလေးရယ်က မင်းကြီးကိုစောင့်နေခဲ့တာ....။ ဝေ့၀ူရှန့်😘😘