Part 25

9.7K 1K 62
                                    

အေးချမ်းတယ်ဆိုတာထက်ပိုတယ်။
ကလေးနဲ့ ပတ်သတ်တဲ့ အရာတိုင်းက
သူ့အတွက် အခုထိ ဆီလျော်နေတုန်း။

ရယ်သံသေးသေးလေးက အမြဲ
နားထဲမှာ တသိမ့်သိမ့်။

ပြုံးရင်ပေါ်လာတတ်သည့်ယုန်သွားလေးက
မေ့ထားလို့မရတဲ့ အလှတစ်ခု။

စိတ်ဆိုးရင် စူထော်လာတတ်တဲ့
နှုတ်ခမ်းလေးက ၀မ့်ကျီး
ွဆွဲကိုက်ချင်လောက်အောင်
နီရဲနေတတ်တာ။
(အယ်ကိုက မထင်ရဘူးနော်...😒)

"ကလေး။ဘယ်တွေများရောက်နေတာလဲကွာ။
ခဏလေးပဲ။ကောကိုစောင့်ရင်း
ကောင်းကောင်းရှင်သန်နော်။
ကောသိတယ်....ကလေးက
ကောစကားကိုနားထောင်မှန်း။
ကလေးသိလား။နောက်တစ်ပတ်ဆို
ညဥ့်အမဲလိုက်ပွဲရှိတယ်။
ကလေးထွက်သွားတဲ့ ၇နှစ်ပြည့်တဲ့။
တကယ်ဆိုကော မသွားချင်ဘူး။
သူတို့ကလေးကို သေလူလို
လုပ်နေကြတာကိုကောရယ်ချင်လို့။
ကလေး အသုံးအဆောင်တွေ
ကောထိန်းသိမ်းထားတယ်။
ပြောလို့မရဘူးလေ။ကော ကလေးလေးက
ပြန်ရောက်ထိ ကလေးစိတ်လေးပဲဆို
ဘယ်လိုလုပ်မလဲ။ကလေးပြန်လာရင်
ကော ဆွေပြန့်ထက်ကောင်းတာလေး
လုပ်ပေးမယ်။ဒီတစ်ခါဆို ကလေးနဲ့ကော
တိုင်ပင်ပြီးနာမည်ပေးကြမယ်လေ။..!"

ကြာကန်ကြီးကိုကြည့်ပြီးစကားတွေအများကြီး
ပြောနေတဲ့ သူရဲ့ပါးပြင်ပေါ်မှာ
မျက်ရည်စီးကြောင်းတွေ။

အပြုံးအေးအေးလေးတစ်ခုကတော့
ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နှင့်။

ညနက်လာတာနဲ့ ပိုလာတဲ့
အအေးဓာတ်ကြောင့်
ဝမ့်ကျီး ကြာကန်မှပြန်လာရန်ပြင်လိုက်သည်။

ခပ်လှမ်းလှမ်းမှ စကားသံခပ်ကျယ်ကြောင့်
မသိမသာ သွားကြည့်မိလိုက်တော့
အတင်းလိုက်ဆွဲနေတဲ့ ရှန်းဖန်ရယ်
ရုန်းကန်နေတဲ့ကောင်လေးရယ်။

ဘာရယ်မသိ ရင်ထဲဗျောင်းဆန်သွားရကာ
ဝေ့ရင်းလက်ကို ဆွဲထားသော
ရှန်းဖန်လက်ကို ဓားရိုးနှင့်လှမ်းရိုက်လိုက်သည်။

အထိနာသွားသောကြောင့်
ရှန်းဖန်ဝေ့ရင်းကိုကိုင်ထားသော
လက်ကို လွှတ်ချလိုက်သဖြင့်
ယိုင်နဲ့သွားသော ဝေ့ရင်းကိုယ်လေးကို
လက်တစ်ဖက်နှင့်လှမ်းထိန်းရင်း
ဆွဲယူလိုက်တော့ ရင်ခွင်ထဲခေါင်းလေးဝင်
်သွားတဲ့ကောင်လေး။

The King's Lover{Completed}Where stories live. Discover now