Part 42

9.8K 940 71
                                    

ကြာကန်ဘက်ကိုငေးမောနေတဲ့
ဝမ့်ကျီးကို ၀ူရှန့် မသိမသာ
ခိုးခိုးကြည့်မိသည်။

စောစောက စကားကိုလက်လွတ်စပါယ်ပြောပြီး
အခုကျ သူမဟုတ်သလိုလုပ်နေသည်လေ။

"လိုက်သွားချင်လို့လား..!"

"ဗျာ..!"

"၀မ်မင်းသားနဲ့ လိုက်သွားချင်လို့လား..!"

"မ..မလိုက်ပါဘူး..!"

"ငါခွင့်ပြုတယ်ဆိုရင်ရော..!"

ဘာရယ်မသိ ၀ူရှန့်ရင်ထဲ
တင်းကျပ်သွားရသည်။
တကယ်ဆို ချစသူအနေနဲ့မဟုတ်တောင်
ညီတစ်ယောက်အနေနဲ့
စိတ်ပူပေးလို့မရဘူးလား ကောရာ။

ကျတော့မဲ့မျက်ရည်တွေကို
သိမ်းဆည်းပြီး ၀မ့်ကျီးကို
မျက်နှာလွှဲလိုက်သည်။

လန်ကောဘက်က ညီတစ်ယောက်လို
ဆက်ဆံနေချိန်မှာ ကို့ဘက်က
ဘာမဟုတ်တဲ့ ရူးကြောင်ကြောင်အတွေးတွေနဲ့
ဆက်ဆံရေးမထေ့ငေါ့ချင်ဘူး။

"၀ူရှန့်..!"

ထပ်ထွက်လာမဲ့ ၀မ့်ကျီးစကားတွေကို
ဝူရှန့် ခေါင်းလေးငုံ့ကာသာ
နားထောင်နေလိုက်သည်။

မျက်ရည်လေးတစ်စက်
ပါးပြင်ပေါ်တောင်မရောက်လိုက်ဘဲ
မြေခသွားတာကို အရှင်မသိပါဘူး။

"၀ူရှန့်....ခေါင်းမော့..!"

အကြင်နာတရားမမဲ့ပါနဲ့လား ကောရယ်။
တုန်ခါနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကိုကြည့်ရင်
ငိုနေမှန်း မသိဘူးလား။

"ငါအမိန့်ပေးနေတယ်..!"

နာကျင်ရတယ်။စုတ်ပြတ်သတ်နေတဲ့
နှလုံးသားက အမိန့်သံတွေကို
မခံနိုင်သေးဘူး။

"၀ူရှန့် ...မော့လို့..!"

ပခုံးလေးတွေကို အတင်းဆွဲရမ်းပြီး
မော့ခိုင်းစေတော့မှ မျက်ရည်လေးတွေနဲ့
ပြုံးပြတဲ့သူ။

"ဘာလို့ငိုတာလဲ။မင်းသားတစ်ယောက်က
မငိုရဘူးလေ..!"

ဝူရှန့်ဘာမှမပြောတော့ပါ။
မငိုရဘူးဆိုတော့လည်း မငိုဘူးပေါ့။

ဒါပေမဲ့ မျက်ရည်ဆိုတာ
စက်ခလုတ်တစ်ခုလို ဖွင့်လိုက်ပိတ်လိုက်နဲ့
ကျလာတာမှမဟုတ်တာ။

The King's Lover{Completed}Onde histórias criam vida. Descubra agora